• Breaking News

    Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ​တွေ) အ​ကြောင်း

    Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကို ရှင်းသွားပါမယ်။ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊

    Model တစ်ခုနဲ့ တစ်ခု မတူပါဘူး။ အထက်က Android Devices တိုင်းမှာတော့ အောက်မှာဖော်ပြထားတဲ့ အလွှာခြောက်မျိုး ပါကိုပါမှာပါ။

    /boot အလွှာ
    /system အလွှာ
    /recovery အလွှာ
    /data အလွှာ
    /cache အလွှာ
    /misc အလွှာ

    boot အလွှာက Boot.im , system အလွှာက System.img, recovery အလွှာက recovery.img အလွှာတို့က Flash လုပ်လို့ရတဲ့ အလွှာတွေပါ။ Flash လုပ်ချင်ရင်တော့ bootloader ကို lock ဖွင့်ထားဖို့ လိုအပ်ပါတယ်။ အခြား /sdcard နဲ့ /sd-ext pratitions တွေလဲ ရှိပါသေးတယ်။ /sdcard partition က Android သုံး ပစ္စည်းတိုင်းမှာ ပါပေမယ့် SD-Ext partition ကတော့ အချို့ဖုန်းနဲ့ Android သုံး ပစ္စည်းတွေမှာပဲ ပါပါတယ်။

    - boot အလွှာ (/boot)

    Boot အလွှာကတော့ သူ့နာမည်အတိုင်း System Boot လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ kernel နဲ့ ramdisk တို့ပါတယ်။ ဒီ Boot အလွှာ မပါရင် ဘယ်ဖုန်းက နိုးလို့ရတော့မှာ မဟုတ်ဘူး။ အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊ Recovery အလွှာကနေပြီး လိုအပ်ရင် Boot အလွှာကို ပြန်ရေးနိုင်ပါတယ်။ လိုအပ်လို့ Recovery ကနေ Boot အလွှာကို ပြန်ရေးမယ်ဆိုရင် အသစ်ရေးတာ မပြီးခင် Boot ပြန်လုပ်တာမျိုး မဖြစ်သင့်ပါဘူး။

    - System အလွှာ (/system)

    System ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ဒီအလွှာမှာ Android OS (Operation System) တစ်ခုလုံး ပါပါတယ်၊ ဒီထဲမှာ Android GUI ( Graphic User Interface ) လို့ ခေါ်တဲ့ အသုံးပြုသူ မြင်နိုင် တွေ့နိုင် interact ( နှိပ်တာတို့ ၊ ထိတာတို့ ) လုပ်နိုင်တဲ့ appliactions တွေအားလုံး ပါပါတယ်။ ဒီ အလွှာကို ဖျက်ပစ်ခြင်းက Adnroid OS တစ်ခုလုံးကို ဖျက်ပစ်တာ ဖြစ်ပါတယ်။ Recovery ကနေ ဖြစ်စေ ROM တစ်ခုကို bootloader ကနေ Install လုပ်ခြင်းဖြစ်စေ OS ပြန်တင်နိုင်ပါတယ်။

    - Recovery အလွှာ (/recovery)

    ဒီ အလွှာ ကတော့ Backup အတွက် သီးသန့်ထားတာပါ။ ဖုန်းမှာ တစ်စုံတစ်ခု အမှား လုပ်ပြီး တစ်ခုခု အကြီး အကျယ် ပျက်စီးသွားခဲ့ရင် Recovery ပြန်လုပ်ခြင်းဖြင့် Android System ကို ပြန်ပြီး ပြုပြင်ပေးပါလိမ့်မယ်။ Recovery အလွှာကို Boot အလွှာလို System restore လုပ်နိုင်တဲ့ အလွှာဖြစ်တဲ့ အတွက် သူကို Alternative Boot လို့လဲ လူသိများတယ်။ Recovery လုပ်ရင် recovery console ကနေ Phone က Boot လုပ်စေပြီး System ပြုပြင်ခြင်းကို လုပ်ပါလိမ့်မယ်။

    - data အလွှာ (/data)

    data အလွှာမှာ user data တွေ ဖြစ်တဲ့ contacts , sms, setting နဲ့ applications တွေအားလုံးကို သိုလှောင်ထားတယ်။ Factory reset ပြန်ချရင် ဒီ data အလွှာ ထဲက တန်ဖိုးတွေ အားလုံး ဖျက်ပစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းဝယ်တုန်းက အခြေအနေကို ပြန်ရောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင် Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကို ရှင်းသွားပါမယ်။ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊ (Post တိုင်းမှာ Android ဖုန်း လို့ခြည်း ပြောနေပေမယ့် အခြား Android သုံးပစ္စည်း (Devices) တွေကိုလဲ ရည်ညွန်းပါတယ်၊ )

    - cache အလွှာ (/cache)

    cache အလွှာ ကတော့ အားလုံး သိထားပြီးသားဖြစ်တဲ့တိုင်း အသုံးပြုတာများတဲ့ data တွေနဲ့ application Components တွေကို သိုလှောင်တဲ့ နေရာပါ၊ cache ကိုဖျက်လိုက်ရင်တော့ မှတ်ထားတဲ့ မှတ်သားမှုတွေကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ Applications တွေကို ဖျက်တာမဟုတ်ဘူး ဆိုတာတော့ သဘောပေါက်သင့်ပါတယ်။ အကယ်၍ cache ထဲက မှတ်ထားသမျှကို ဖျက်ပစ်ရင်တောင် ဖျက်ပြီး နောက်ပိုင်း ပြန်သုံးရင် သုံးသမျှကို ပြန်မှတ်နေဦးမှာပါ၊

    - misc အလွှာ (/misc)

    ဒီ Partition ထဲမှာတော့ ဖုန်းရဲ့ System Setting တွေအားလုံးကို ဖုန်းအသုံးပြုသူ ပြုပြင် ပြောင်းလဲထားတဲ့အတိုင်း သိမ်းပေးထားပါတယ်။ ဒီ အလွှာမှာ CID (Carrier / Region ID) setting တို့ USB configuration တို့ကို Setting ပြောင်းထားတာ ပါပါတယ်။ အခြား System Setting တွေ အားလုံးကိုလဲ ဒီနေရာမှာ မှတ်သား သိမ်းဆည်းပါတယ်။ Custom ROM ထည့်ထားတုန်းက အခြေအနေကို ပြန်ရောက်သွားမယ်ပေါ့။ (Custom ROM install လုပ်ထားခဲ့ရင်ပြောပါတယ်)။

    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728