• Breaking News

    ဖုန်းတစ်လုံးပါဝါမလာရင် အရင်ဆုံးဖြစ်နိုင်တဲ့အချက်(၂)ချက်


    ဖုန်းတစ်လုံးပါဝါမလာရင် အရင်ဆုံးဖြစ်နိုင်တဲ့အချက်(၂)ချက်
    ========================================
    တစ်ချက်ကတော့ hardware ပိုင်းမှာ error ရှိလို့ ပါ၊နောက်တစ်ချက်ကတော့
    software ပိုင်း error ကြောင့်ပါ၊ ဖုန်းကိုအဖုန်းမဖွင့်သေးပဲအကြမ်းဖျင်း စစ်ကြည့်လို့ ရပါတယ်။ power supply နဲ့ ချိတ်လိုက်လို့ အသံမြည်ပြီး အမ်ပီယာအဆုံးထိတက်သွားရင် ဗို့ လမ်းကြောင်းမှာရှိတဲ့ components တွေ တစ်ခုခုရှော့ဖြစ်နေပါပြီ။
    နောက်တစ်မျိုးက ရှော့တော့မရှိဘူး အမ်ပီယာလေး 0.2 လောက်ပြပြီး၊ပြန်ကျသွား
    လိုက် ပြန်တက်လာလိုက်နဲ့ ဖြစ်နေရင် software ပိုင်း error ဖြစ်နိင်ပါတယ်၊
    boot မတက်နိင်တဲ့ပြသနာပါ၊ huawei တွေမှာဆိုရင် flashtool firmware ရှာပြီး
    တင်ကြည့်ပါ၊ samsung ဆိုရင်တော့ down load mode ၀င်တဲ့ usb jig လေးနဲ့ 
    တပ်ကြည့်လိုက်လို့ ၇ရင် odin နဲ့  firmware ပြန်တင်လို့ ရပါတယ်။
    hardware ပိုင်းကြောင့်ပါဝါမတက်ရင်တော့ဗို့ လမ်းကြောင်းကိုစစ်ရပါတော့မယ်၊
    battery ငုတ်ရဲ့အပေါင်းဗို့ လိုင်းပေါ်မှာ တိုက်ရိုက်တတ်ဆင်ထားတဲ့ပစ္စည်းတွေ
    ကိုလေ့လာကြည့်ရင် zener diode,capacitor, pa,pmu,back light ic,blue tooth ic, charging ic အစရှိတဲ့ ပစ္စည်းလေးတွေကို 4v တိုက်ရိုက်ရောက်နေပါတယ်။
    ရေ၀င်တဲ့အလုံးဆိုရင် back light ic နဲ့ 
    pmu ရှော့ဖြစ်တာများပါတယ်။တကယ်လို့ အားသွင်းရင်း
    ဖြစ်တာဆိုရင် zener diode,charging ic တို့ ရှော့ဖြစ်တတ်ပါတယ်၊သုံးတာအချိန်ကြာ
    လို့ ပိတ်သွားပြီးပြန်ဖွင့်တဲ့အခါရှော့ဖြစ်ရင် wifi,bluetooth ic,pa ic တို့  ကြောင့်ဖြစ်တတ်ပါတယ်။
    components လေးတွေရှော့ရှာမယ်ဆိုရင်အကောင်းဆုံးနည်းကတော့၊ထင်းရှုးဆီ
    အငွေ့ ကိုမှိုင်းခံပြီးစစ်ချင်တဲ့နေရာလေးပေါ်မှာ ဖြူနေအောင်တင်ပေးလိုက်ပါ၊
    ပြီးရင် 3A,5A, power supplyကိုသုံးပြီးရှော့ဖြစ်တဲ့အရာလေးတွေကိုရှာနိင်ပါတယ်။
    pmu pm 8029 လဲအဖြစ်များပါတယ်၊ တကယ်လို့ power နိုးပြီး pmu ic တအားပူနေရင်အထွက်ပိုင်းဗို့ လမ်းကြောင်းပေါ်မှာရှိတဲ့ components လေးတွေစစ်ကြည့်
    ရပါမယ်။ တစ်ချို့ ဖုန်းတွေမှာ emmc ရဲ့အ၀င်ဗို့ တစ်ခုဖြစ်တဲ့ 1.5v လမ်းကြောင်းပေါ်မှာ 1.5v zenzer diode လေးတတ်ထားတတ်ပါတယ်၊အဲဒီ diode လေးရှော့ဖြစ်ရင်
    pmu ရဲ့ output section မှာရှိတဲ့ transistor လေးပူလာပါတယ်။
    8029 မှာ
    output transistor သုံးလုံး ပါရှိပါတယ်။
    မော်ဒယ်မြင့်ဖုန်းတွေမှာတော့ second pmu ဖြစ်တဲ့ u2 ic လေးတွေကြောင့်လဲ
    power ပြန်သေတတ်ပါတယ်။ဖုန်းလေးတွေမှာပုံမှန်အတိုင်းbattery တတ်လိုက်ရင် 4v ရောက်နေတဲ့နေရာလေးတွေရှိပါတယ်။ဒီနေရာလေးတွေမှာဗို့မရောက်ရင် နိးဖို့ မလွယ်တော့ပါဘူး၊ပုံမှာနမူနာပြပေးထားပါတယ်၊အနီအစက်လေးတွေက ပုံမှန်ရောက်နေရမဲ့ဗို့ နေရာလေးတွေပါ။အစိမ်းရောင်ကတော့ ပါဝါနိုးလိုက်တဲ့အခါမှာ ဘာ error မှ
    မရှိရင်ဗို့ ထွက်ရှိနေမယ့်နေရာလေးတွေပါ။
    အသိပညာများ ပိုမိုတိုးပွားနိုင်ကြပါစေခင်ဗျာ။
    Credit: Ko Aung

    2 comments:

    1. ​ကျေးဇူးကြီးလှပါတယ်​ဆရာ

      ReplyDelete
    2. ဖုန်းတစ်လုံးပါဝါမလာရင် အရင်ဆုံးဖြစ်နိုင်တဲ့အချက်(၂)ချက် - Yy Mobile Service >>>>> Download Now

      >>>>> Download Full

      ဖုန်းတစ်လုံးပါဝါမလာရင် အရင်ဆုံးဖြစ်နိုင်တဲ့အချက်(၂)ချက် - Yy Mobile Service >>>>> Download LINK

      >>>>> Download Now

      ဖုန်းတစ်လုံးပါဝါမလာရင် အရင်ဆုံးဖြစ်နိုင်တဲ့အချက်(၂)ချက် - Yy Mobile Service >>>>> Download Full

      >>>>> Download LINK

      ReplyDelete

    Post Top Ad

    ad728

    Post Bottom Ad

    ad728