• Breaking News

    CHINA TABLET FIRMWARE ရေးနည်း



    Service ဆိုင်တော်တော်များများက China Tablet ဆော့ဝဲကျတယ်ဆို factory data reset ချတယ်။ရလား မရရင်ပြန်ပေးတယ် ဆိုတဲ့ ဆိုင်အချို့ကို မြင်ဘူးပါပါတယ်။ အချို့သိတဲ့ ဆိုင်ကြတော့လည်း ဈေးနှူန်းကို မတန်တဆ တောင်းတတ်ကျပါတယ်။ ဘယ်သူဘယ်သူကိုမှ အပြစ်တင်တာ မဟုတ်ပါဘူး။ မသိတဲ့ USER အချို့နဲ့ ဆိုင်သမားတွေအတွက်ရည်ရွယ်ကာ Post အဖြစ် တင်ပေးချင်တာကြောင့်ရေးဖြစ်သွားတာပါ။ တစ်ကယ်လို့ အမှားပါတယ်ဆိုရင်လဲ တောင်းပန်ပါတယ်လို့ ကြိုပြောပါရစေ။အမှားကို ထောက်ပြပေးဖို့ ကိုလဲ မျှော်လင့်ပါတယ်။ဖြစ်နိုင်ရင် ဒီ post လေးမှာ comment လေးတွေ မန့်သွားစေချင်ပါတယ်။ ပုံမှန်အတွေ့များတဲ့ Tablet အမျိုးအစားတွေကတော့ MoMo , ONDA,China Samsung Galaxy, တွေပါ အပြင်နောက်ထပ် အမျိုးအစား ပေါင်စုံကို တွေ့နိုင်ပါတယ်။ Tablet တွေမှာ Model အမျိုးအစား တွေကွဲလွဲနေသလို သူတို့ရဲ့ CPU အမျိုးအစားတွေဖြစ်တဲ့ A10,A13,A23 ဆိုပြီးတော့ ကွဲပြားခြားနားသော်လည်း ရေးပုံရေးနည်းကတော့ အကုန်းလုံးနီးပါတူညီနေတက်ပါတယ်။ Tablet Firmware ရေးတော့မယ်ဆို ပထမဆုံး အခက်အခဲကတော့ ဘယ် Firmware နဲ့ရေးမှာလဲ။ကိုယ်ဆီမှာ ရှိတယ်ဆိုရင်တောင် ဘယ်လိုရေးရမလဲ။ File ကောမှန်ရဲ့လား ဆိုတာလေးတွေကော တွေးမိကြမယ်ထင်ပါတယ်။ Model ရှိပြီးသား Tablet တွေကတော့ အခဲအခဲ မရှိပင်မဲ တစ်ကယ်လို့သာ နာမူနာပြထားတဲ့ tablet တွေကတော့ china ကလာတဲ့ samsung နာမည်ခံ Tablet တွေဆိုရင်တော့ စဉ်းစားရ ကြပ်မယ်လို့ ထင်ပါတယ်။ သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။ လုပ်ကမှာတော့ ရိုးသားရတာပေါ့။ ပထမဆုံး နောက်အဖုံးကိုခွာလိုက်ပါ။ CPU ရဲ့ မော်ဒယ်ကြည့်မယ်။Mainboard ရဲ့ မော်ဒယ်ကြည့်ပါမယ်။ စာရေးသူ နမူနာ ပြထားတဲ့ Tablet ရဲ့ CPU ကတော့ A10 ပါ။Main Board Model ကM1190-moden-v5.0.0 2012.10.11 ဆိုပြီးတော့တွေ့ပါမယ်။။အဲ့ဒါက စာရေးသူရှာပေးရမယ့် firmware ပါ။



    Tablet တွေရဲ့ Mainboard Model တွေကို နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။
    ကဲမော်ဒယ်သိပြီဆိုရင် စာရေးသူလိုချင်တဲ့ Firmware တွေကို အင်တာနက်ပေါ်မှာ ရှာလို့ရပါပြီ။များသောအားဖြင့် Tablet Firmware တော်တော်များများကို
    www.4shared.com
    www.q88.com
    တို့မှာရှိပါတယ်။
    firmware လဲရပြီဆိုရင်ရေးဖို့ပဲကျန်တော့တယ်။ဘယ်လိုရေးမလဲဆိုတာကို ခေါင်းစားမနေပါနဲ့။ A10,A13,A23 CPU နဲ့ အလုပ်လုပ်တဲ့ Tablet တွေကို Firmware ရေးမယ်ဆို ကိုယ့်ကွန်ပြူတာမှာ LiveSuit,PhonenixSuite,AML-flash tool ဆိုတဲ့ firmware ရေးတဲ့ Tool တစ်ခုခု ရှိဖို့ လိုအပ်ပါလိမ့်မယ်။


    ကဲအားလုံပြည့်စုံပြီဆို firmware စရေးလိုက်ရအောင်။ပထမဆုံး ကျွန်တော်ပြပေးမှာက LiveSuite ကိုအသုံးပြုပြီးပြောမှာပါ။
    (၁) Download လုပ်ထားတဲ့ ဖိုလ်ဒါထဲကနေပြီးတော့ Livesuite.exe ဖိုင်ကိုဖွင့်ပါ။

    (၂) ပထမဆုံး wellcome box ကျလာရင် Yes ကိုရွေးပါ။

    (၃) please select upgrade mode ဆိုတဲ့ မက်ဆေ့ခ်ျ ဘောက်ကျလာရင် Format ကိုရွေးပေးပါ။

    (၄) Format upgrade Mode ဘောက်ကျလာရင် Next ကိုပေးပါ။

    (၅)နောက်တစ်ဆင့်က ကိုယ်တင်မယ့် Firmware ကိုရွေးခိုင်းတာဖြစ်လို့ Yes ကို နှိပ်ကို ရွေးပြီး *.img(တစ်နည်းအားဖြင့် ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်) ကိုရွေးပေးပါ။

    (၆)နောက်တစ်ဆင့်ကတော့ Firmware ရေးမယ့် Tablet ကို ကွန်ပြူတာကိုချိတ်ဆက်ခိုင်း
    မယ့်အပိုင်းပါ။finish ဆိုတာကို မနှိပ်ပါနဲ့အုံးနော်။

    (၇)Volume + ဒါမှမဟုတ် Volume - တစ်ခုခုကို ကွန်ပြူတာမှာချိတ်ပါ။
    ကွန်ပြူတာနဲ့ ချိတ်ဆက်ပေးပြီးတာနဲ့ ဖိနှိပ်ထားလိုက်ရင် Tablet ဟာ သူ့အလိုလို Update mode ထဲရောက်သွားပြီး Firmware ရေးသွားပါလိမ့်မယ်။

    (၈)သတိပြုသင့်တာကတော့ LiveSuite နဲ့ရေးတဲ့အခါ ပထဆုံး Tabletအတွက် Driver တောင်းပါလိမ့်မယ်။ LiveSuite က Potable ဖြစ်တာကြောင့် Driver တောင်ခဲ့မယ်ဆိုရင် ကိုယ်တိုင်ပြန်တင်ပေးရပါလိမ့်မယ်
    ကွန်ပြူတာရဲ့ Device ဖြစ်တာကြောင့် Driverထဲသွားပြီးမသိသေးတဲ့ Device (အဝါရောင် Exclaamation sing (!)နဲ့ပြနေတဲ့ Device)ပေါ်ကို right click နှိပ်ပြီး ''UPDATE DRIVER Software '' ကိုနှိပ်ပြီး ဒေါင်းလုပ်ဆွဲထားတဲ့ Update tool(LiveSuite) Folder ကိုညွှန်းပေးလိုက်ရင် သူ့ဘာသာ ကွန်ပြူတာကနေ Driver ကိုတင်ပေးသွားပါလိမ့်မယ်။
    Driver တင်ထားပြီးသား ကွန်ပြူတာမှာ ဆိုအရင်ဆုံး ကွန်ပြူတာ Taskbar မှာ ''Installing driver '' ဆိုပြီး မက်ဆေ့ခ်ျပြပေးပါလိမ့်မယ်။ဘာမှမလုပ်ဘဲ စောင့်နေလိုက်ပါ။


    (၉) Driver သိသွားပြီဆို ပထမဆုံး '' Mandatatory Format '' ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။ဒီနေရာမှာသတိထားရမှာကတော့ ''Yes or NO '' နှစ်ခုမေးပါတယ်။Yes ကိုရွေးမယ်ဆို ကိုယ်ရေးမယ့်  Tablet ထဲက Data တွေ အကုန်ဖျက်သွားပြီး တင်ပေးသွားမှာပါ။
    No ဆိုရင်တော့ အရင် Data အဟောင်းတွေကို မဖျက်ဘဲ Upgrade အနေနဲ့ သာတင်ပေးသွားမှာပါ။
    အကောင်းဆုံးကတော့ No နဲ့
    တင်ပါ။မရမှသာ Yes နဲ့ တင်ပါလို့ အကြံပေးပါရစေ။ တစ်ကယ်လို့ Yes နဲ့သာတင်မယ်ဆို တစ်ကယ်ဖျက်မှာလား ဆိုတဲ့ မေးခွန်းကို မေးပါလိမ်မယ်။YES ကိုပဲရွေးပေးပါ။


    (၁၀)LiveSuite ကနေ Tablet ကို Firmware တင်တာကို အစိမ်းရောင် ဘားတန်းလေးနဲ့ ပြသပေးပါလိမ့်မယ်။
    ရေးနေတဲ့ အစိမ်းတန်းလေးဆုံးသွားရင် Ok M ဆိုတဲ့ Massage box ကျလာပါလိမ့်မယ်။Ok ကိုနှိပ်ပြီး liveSuite ကိုexit နဲ့ထွက်။ပြီရင် တော့ LiveSuite နဲ့ Firmware တင်ချင်း ပြီးဆုံးပါပြီ။

    #PhoenixSuite နှင့် Tablet firmware ရေးနည်း...............

    Tablet အကြောင်းတွေ မပြီးတော့ဘူးလားကွာလို့တော့ မပြောပါနဲ့အုံးနော်။တစ်ချို့ Tablet တွေက liveSuite Flashh Tool နဲ့ အဆင်မပြေတက်ပါဘူး။ တစ်ခါတစ်လေ မဟုတ်ပါဘူး။များသောအားဖြင့် *.rar ၊ *.zip နဲ့ Download လုပ်ထားတဲ့ File တွေမှာ Upgrade Tool တစ်ခုခု (ဥပမာ - LiveSuite (or) PhonenixSuite ) ပါလာတက်ပါတယ်။ တစ်ချို့ ONDA Tablet တွေမှာမှာတော့ AML_Flash Tool ကို အသုံးပြုပြီး ရေးပေးရပါတယ်။
    အခုပြောမှာကတော့ PhoenixSuite ကို ဘယ်လိုအသုံးပြုပြီး Firmware ရေးတာကိုရေးပေးမှာပါ။
    တစ်ချို့ Tablet တွေက LiveSuite ကို အသုံးပြု မှရတာဆိုသလို ၊ တစ်ချို့ Tablet တွေကတော့ PhoenixSuite ကိုအသုံးပြုမှ အဆင်ပြေတက်လို့ပါ။
    စာဖတ်သူရဲ့ Coumputer မှာ Software ၂မျိုးလုံး ရှိရင် ပိုကောင်းပါတယ်။
    ပထမဆုံး PhoenixSuit ကို ကွန်ပြူတာမှာ Install လုပ်ပါ။
    Install လုပ်ပြီးရင် PhoenixSuite.exe ကို ဖွင့်ပါ။
    Firmware ကို Click လုပ်လိုက်ရင် ဘယ်နားက Image ဖိုင်ကိုထည့်မှာလဲဆိုတဲ့ Firmware တင်မယ့်ဖိုင်(*.img) ကို Click နှိပ်ပြီး ရွေးပေးရပါမယ်။
    Firmware တင်မယ့် File ကိုရွေးပြီးတာနဲ့ အောက်မှာ Upgrade ဆိုတာကို နှိပ်လိုက်ပါ။

    Massage Box တွေ ကျလာရင် အားလုံးကို OK ပဲရွေးပေးပါ။
    နောက်ဆုံး Tablet နဲ့ Coumputer ကို ချိတ်ဆက်ခိုင်းတဲ့
    Do Mandatory Upgrade? ဆိုတဲ့ အနေအထားရောက်ရင်တော့ ok မလုပ်သေးပဲ Firmware တင်မယ့်
    Tablet ကို Upgrade Mod ထဲကို ၀င်ပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်ပေးရပါမယ်။
    Upgrade Mode၀င်တာကတော့ Firmware ရေးနည်း အပိုင်း(၂) တုန်းက ပြောထားသလို
    Vol (+) or Vol(-) ကို ဖိထားပြီး Power ခလုပ်ကို ၁၀ချက်လောက် ခက်သွက်သွက် နှိပ်ပေးရင် Upgrade Mode ထဲကိုရောက်သွားမှာပါ။
    သိထားရမှာကတော့ ပထမဆုံး Driver သွင်းပေးထားရမယ်ဆိုတာကိုပါ။
    Coumputer က Tablet ကိုသိသွားပြီ ဆိုရင် အစိမ်းရောင် ဘားတန်းလေးနဲ့ Firmware တင်တဲ့ အခြေနေကို
    ပြပေးနေမှာပါ။
    ပြီးရင်တော့ Massage Box တစ်ခုကြလာမှာပါ။
    Ok နျိပ်ပေးလိုက်ရင် စာဖတ်သူရဲ့ Tablet Firmware ရေးတာပြီးဆုံးသွားပါပြီ။



    ဘယ် CPU ကိုပဲသုံးသုံး A10 OR A13 OR A23 ဘာတွေပဲဖြစ်ဖြစ် စာဖတ်သူ အနေနှင့် ရေးနိုင်လိမ့်မယ်လို့
     မျှော်လင့်ပါတယ်။

    Post Owner / I Fix Myanmar

    yymobileservice.blodspot.com

    2 comments:

    Post Top Ad

    ad728

    Post Bottom Ad

    ad728