• Breaking News

    Phone တလုံး ပါဝါနိုးဖို့ ဘာတွေလိုအပ်လဲ



    Phone တလုံး ပါဝါနိုးဖို့ ဘာတွေလိုအပ်လဲ
    (No Power အပိုင်း ၁ )
    ပုံလေးကို သေချာကြည့်ပါ။
    အခြေခံအားဖြင့် Phone တလုံး ပါဝါနိုးဖို့ ဒါလေးပဲ လိုအပ်ပါတယ်။
    ဒီပုံလေးကိုသာ ကောင်းကောင်းနားလည် သဘောပေါက်ထားရင် Ampere တက်တာကိုကြည့်ပီး no power တွေ ပြုပြင်ဖို့ရာအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အတွေးလေးတွေ ရရှိနိုင်ပါတယ်။
    ပထမဆုံးအနေနဲ့ ဖုန်းတလုံး ပါဝါနိုးဖို့ Main Supply ဖြစ်တဲ့ Battery အားရှိရပါမယ်။
    ကျွန်တော်တို့ကတော့ Power Supply နဲ့ နှိုးတဲ့အတွက် ဒီအဆင့်က မလိုတော့ဘူးပေါ့။
    ကဲ စကြရအောင်ဗျာ
    Step 1(အဝါရောင်လမ်းကြောင်း)
    Main Supply Volt(VBat) ဟာ PMU ဆီရောက်ရပါမယ်။
    (ပါဝါ ic ကို volt မရောက်မှာတော့ ဘယ်လိုလို့ ပါဝါနိုးနိုင်မလဲ နော့။)
    အဝါရောင်လမ်းကြောင်းလေးကြည့်ပါ။
    အချို့ဖုန်းတွေမှာ VBat ကနေ တိုက်ရိုက် ပေးပို့ထားပါတယ်။
    အချို့ဖုန်းတွေမှာ VBat မှတဆင့် FET(AC9 AC6 AC1) လေးတွေ ခံပြီး VPh-pwr ဆိုပြီး ပေးသွင်းထားပါတယ်။
    အချို့ဖုန်းတွေမှာ VBat မှတဆင့် Battery Manangent ic(BQ 24296) လေးတွေ ခံပြီး VPh-pwr ဆိုပြီး ပေးသွင်းထားပါတယ်။
    အချို့ဖုန်းတွေမှာ VBat မှတဆင့် PMU အသေး(second pmu) ခံပြီး VPh-pwr ဆိုပြီး ပေးသွင်းထားပါတယ်။
    အဲ့ဒီတော့ ဘယ်Modelတွေ မှာ ဘယ်လိုပဲ ပေးသွင်းထား ပေးသွင်းထား အဓိကက Main Supply Volt ဟာ Main PMU ဆီ မှန်မှန်ကန်ကန် ရောက်နေရပါမယ်။
    PMU မှာ Volt မရောက်ရင် ပါဝါဖွင်လည်း Amp မဆွဲ(မလှုပ်)ပါဘူးဗျ။
    Step 2(အနီရောင် PMU)
    Power Management လုပ်ပေးမဲ့ PMU နဲ့ သူ့ရဲ့ input output လမ်းကြောင်းတွေ မကောင်းရင်လည်း ပါဝါမနိုးနိုင်ပါဘူး။
    PMU တပ်မထားရင် ပါဝါဖွင့်လည်း Amp မဆွဲ(မလှုပ်)ပါဘူးဗျ။
    PMU ပျက်နေရင်တော့ Amp အမျိုးမျိုး ပြနေနိုင်ပါတယ်။
    Step 3(လိမ္မော်ရောင် CLK 1)
    PMU အတွက် ကောင်းမွန်တဲ့ 32KHz Oscillation (Clock) ရှိနေရပါမယ်။
    32KHz Cryatal လေးမပါရင် ပါဝါတက်ချင်သလိုဖြစ်တာတို့ Logo မှာ လည်နေတာတို့ ဖြစ်နေတတ်ပါတယ်ဗျ။အဲ့ဒီ Crystal လေးကို PMU က ထိမ်းချုပ်ထားတာကြောင့် နှစ်ခုစလုံးကြောင့်လည်း ဖြစ်တတ်ပါတယ်။
    Step 4(မီးခိုးရောင်လမ်းကြောင်း)
    Power Switch Way နဲ့ Power Switch ကောင်းမွန်ရပါမယ်။
    (ဒီကောင်တွေမကောင်းရင် ဘယ်လိုလို့ ပါဝါဖွင့်ရမလဲနော့)
    ကျွန်တော်တို့ Service သမားတွေကတော့ အများအားဖြင့် ဇာဂနာနဲ့ ထောက်နှိုးတဲ့အတွက် Power Switch အကြောင်း မပြောတော့ပါဘူး။
    Power Switch Way လမ်းကြောင်းကတော့ ကောင်းနေမယ်ဆိုရင် Volt တခု ထွက်နေပါလိမ့်မယ်။
    ဒီလမ်းကြောင်ဟာ Main Pmu က လာတာဖြစ်တဲ့အတွက် PMU ကို Volt မရောက်ရင်လည်း Poewr Switch way မှာ Volt မထွက်နိုင်ပါဘူး။
    Power Switch Way နဲ့ Power Switchမကောင်းရင်လည်း ပါဝါဖွင့်ရင် Amp မဆွဲ(မလှုပ်)ပါဘူးဗျ။
    Step 5(အစိမ်းရောင် CPU)
    CPU နဲ့ သူ့ရဲ input output လမ်းကြောင်းတွေ မကောင်းရင်လည်း ပါဝါမနိုးနိုင်ပါဘူး။
    CPU မပါရင် Amp မဆွဲ(မလှုပ်)ပါဘူးဗျ။
    CPU မကောင်းရင် 0.01 လောက်လည်း ပြနေနိုင်ပါတယ်။
    ဒါမှမဟုတ် ပါဝါခလုပ်နှိပိလိုက်တာနဲ့ 0.3-0.4 ဝန်ကျင် ထောင်တက်နေတတ်ပြီး ခလုပ်လွှတ်လိုက်ရင် ချက်ချင်း ပြန်ကျပီး CPU ကြီး ပူနေတတ်ပါတယ်။
    အခြား Amp အမျိုးမျိုးလဲ ပြနေနိုင်ပါတယ်။
    အဲ့တော့ CPU ကောင်းမကောင်း CPU ကတိုက်ရိုက်လာတဲ့ လမ်းကြောင်းတွေ ohm ကောင်းမကောင်း စစ်ကြည့်ပီး ခန့်မှန်းရပါမယ်။
    Step 6(လိမ္မော်ရောင် CLK2)
    CPU အတွက် ကောင်းမွန်တဲ့ 19MHz Oscillation (Clock)ရှိနေရပါမယ်။
    19MHz Crystal လေးမပါရင် ယက်ကန်ယက်ကန် ဖြစ်နေတတ်ပါတယ်။
    အဲ့ဒီတော့ CLK 2 ဘယ်ကလာသလဲ ကြည့်ပီး ပြုပြင်ရပါမယ်။
    Qualcommနဲ့ အချို့Hisilicon တွေမှာ ဒီCrystal ကို PMU က ထိမ်းချုပ်ထားပီး MTK နဲ့ အချို့Hisiliconတွေ မှာတော့ RF ic က ထိမ်းချုပ်ထားပါတယ်။သူတို့မကောင်းရင် ဖြစ်တတ်သလို အများအားဖြင့် 80%လောက်ကတော့ CPU ကိုယ်တိုင် ပျက်တာကြောင့် အဖြစ်များပါတယ်။
    Step 7(အပြာရောင် EMMC)
    EMMC နဲ့ သူရဲ့ input output လမ်းကြောင်းတွေ မကောင်းရင်လည်း ပါဝါမနိုးနိုင်ပါဘူး။
    EMMC မပါရင် 0.04-0.06 ဝန်းကျင် Deadbootb ပုံစံမျိုး ပြနေပီး
    Qualcomm Hisilicon ဆိုရင် ရပ်နေရပါမယ်။
    MTK ဆိုရင် ပါဝါခလုပ်လွှတ်လိုက်ရင် ပြန်ကျရပါမယ်။
    ကျန်တဲ့အပိုင်းတွေ ကောင်းနေနိုင်ရင်တော့ Computer မှာ Detect သိနေပါလိမ့်မယ်ယ
    EMMC ပျက်ရင်တော့ Amp အမျိုးမျိုး ပြနေနိုင်ပါတယ်။
    ကဲ ဇာတ်သိမ်းကြရအောင်ဗျာ
    အနှစ်ချုပ်အားဖြင့် Phone တလုံး ပါဝါနိုးဖို့ ဒါလေးပဲ လိုအပ်တာပါ။ဒီအပိုင်းတွေမှာ error ရှိနေခဲ့ရင် ပါဝါမနိုးနိုင်ပါဘူး။
    အဲ့ဒီတော့ ဘယ်အပိုင်းတွေမပါရင် Amp ဘယ်လိုပြတယ်
    ဘယ်အပိုင်းတွေ ပျက်ရင် Amp ဘယ်လိုပြမယ်
    ဘယ်အပိုင်းတွေက ဘယ်ကလာတယ် ဘယ်ကို သွားတယ်ဆိုတာ သိနေခဲ့ရင် no power ဖုန်းတွေ ပြုပြင်ရာမှာ error ရှာဖို့အတွက် အထိုက်အလျောက် ဘောင်ကျဉ်းသွားပြီး အနီးစပ်ဆုံး error ခန့်မှန်းနိုင်မှာဖြစ်တဲ့အတွက် ပြုပြင်ရတာ ပိုမိုအဆင်ပြေစေလာမှာ ဖြစ်ပါတယ်။
    ကျွန်တော်တို့တွေဟာ အနီးစပ်ဆုံး error သာ မခန့်မှန်းနိုင်ခဲ့ရင် အချိန်ကုန် လူပမ်း ဖြစ်ရုံမကပဲ တခါတရံမှာ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။
    ကျွန်တော်ရေးသားထားတာတွေကလည်း ဖုန်းအားလုံးအတွက် အကြမ်းဖျင်း ရေးသားထားတာဖြစ်တဲ့အတွက် အချို့ဖုန်းတွေမှာ အနည်းငယ် လွဲမှားတာ ရှိနေနိုင်ပါတယ်။ဒါပေမယ့် အသုံးများတဲ့ Huawei Coolpad Oppo Vivo Xiaomi Meizu တွေမှာတော့ အများအားဖြင့် ဒီလိုလေးတွေပြတတ်တာ များပါတယ်

    (No Power အပိုင်း ၂)
    0A (တုပ်တုပ်မှ မလှုပ်)
    ဖုန်းတလုံးမှာ အနည်းဆုံး Ampere ကတော့ ပါဝါခလုပ်နှိပ်လိုက်တာနဲ့ တုပ်တုပ်မှ မလှုပ်တဲ့ 0A ပါ။
    0A ပြနေတဲ့ ဖုန်းတွေကို Step by Step တဆင့်ခြင်း စစ်ကြရအောင်
    ရှေးဦးစွာ ပုံလေးကို အနှစ်ပြန်ချုပ်ကြည့်ရအောင်။
    ဘယ်အပိုင်းတွေ မပါရင် Ampere ဘယ်လိုပြလဲ ဆိုတာ အကြမ်းဖျင်းသိထားရပါလိမ့်မယ်။
    ဒါမှ Ampere ကိုကြည့်ပီး error ခန့်မှန်းရာမှာ နီးစပ် လွယ်ကူပါလိမ့်မယ်။
    ဒါလေးကတော့ PMU-CPU -EMMC လောက်ပဲပါတဲ့ အခြေခံ model လေးတွေကိုပဲ အကြမ်းဖျင်း ခန့်မှန်းထားတာပါ။
    နောက်ထွက် model မြင့်တွေမှာတော့ အနည်းငယ်လွဲနိုင်ပါတယ်။
    ဒါပေမယ့် အနိမ့်တွေမှာ ဘယ်အပိုင်းမပါရင် ဘယ်လိုပြတယ်ဆိုတဲ့ Amperသဘောတရားလေးကို မှီငြမ်းပီး အမြင့်တွေမှာလည်း ဘယ် ic မပါရင် ဘယ်လို ပြတတ်တယ်ဆိုတဲ့ Ampere သဘောတရားလေးကို မိမိအတွေ့အကြုံအတိုင်း ပြန်လည် မှတ်သားထားကြပေါ့။
    Ampere ကြည့်ပီး error ဆုံးဖြတ်ရာမှာ အတွေ့အကြုံက ဘယ်လောက် စကားပြောတယ်ဆိုတာ service ဆရာတွေ သိကြမှာပါ။
    ဖုန်းတလုံးနဲ့ တလုံး Ampere ဆွဲတာချင်း မတူပါဘူး။
    ဖုန်းတလုံး ပါဝါစဖွင့်တာနဲ့
    ဘယ်ဖုန်းက ဘယ် Ampere မှာ Vibrate စခုန်တယ်
    ဘယ်လောက်ဆို ဘယ် Logo စတက်တယ်
    ပါဝါအဆုံးထိတက်သွားရင် Ampere ဘယ်လောက်ရှိတယ် ဆိုတဲ့
    Ampere အတက်အကျလေးတွေကို မှတ်ထားကြပါ။
    ဒီပုံလေးနဲ့ Thinking ပိုင်းလေးက လိုအပ်သူတွေအတွက် လမ်းစတစ်ခုရတယ်ဆိုရင်ပဲ ရေးရကြိုးနပ်ပါတယ်။
    ကဲကဲ
    စကြစို့
    ပုံလေးထဲက
    အဝါရောင်(Vbat-Vph)မပါရင် A မဆွဲ မလှုပ် ပါ
    အနီရောင်(main pmu) မပါရင် A မဆွဲ မလှုပ် ပါ
    အစိမ်းရောင်(CPU) မပါရင် A မဆွဲ မလှုပ် ပါ
    မီးခိုးရောင် Power Key နဲ့ Power Key Way မပါရင် A မဆွဲ မလှုပ် ပါ
    အပြာရောင်(EMMC) မပါရင် Deadboot Ampere ပြမှာပါ
    CLK 1 မပါရင် ပါဝါ တက်ချင်သလို ဖြစ် မှာပါ
    CLK 2 မပါရင် ယက်ကန်ယက်ကန် ဖြစ် မှာပါ။
    (နောက်ကျရင် Ampere ဘယ်လိုပြရင် Step by Step ဘယ်အပိုင်းတွေ စစ်ရမလဲဆိုတာ ထပ်ရေးပါအုံးမယ်။)
    ခုပြောခဲ့တာလေးကို ကြည့်ပီး 0A ပြတဲ့ ဖုန်းလေးကို စဉ်းစားကြည့်ရအောင်
    အပြာရောင် CLK1 - CLK2 မပါရင်တောင် ပါဝါခလုပ်နှိပ်ရင် Ampere ပြမှာ ဖြစ်တဲ့အတွက် 0Aပြတဲ့ဖုန်းမှာ လောလောဆယ် သူတို့ ထည့်စဉ်းစားစရာ မလိုပါဘူး။
    အဲ့တော့ ကျွန်တော်တို့ စဉ်းစားရမှာက အဝါရောင် အနီရောင် အစိမ်းရောင် နဲ့ မီးခိုးရောင်တို့ပဲ ရှိပါတယ်။
    Vbat-Vph
    Main PMU
    CPU
    Power Key Way နဲ့ Power Key ပေါ့။
    ဒီ ၅နေရာကို Step by Step စစစ်ကြရအောင်။
    (0A ပြနေတဲ့ ဖုန်းကို အားသွင်းကြိုး ထိုးပီး ပါဝါတက် မတက် စစ်တဲ့နည်းကို မပြောတော့ပါဘူး။ အလျှင်းသင့်သလို သုံးလို့ရပါတယ်။)
    Step 1(အဝါရောင်)
    မိမိပြုပြင်မဲ့ ဖုန်းဟာ ပါဝါဖွင့်လိုက်လို့ 0A တုပ်တုပ်မှ မလှုပ်ရင်
    နတ်တွေလည်း မဖြုတ်ရသေးဘူးဆိုရင် ဘာဆက်လုပ်မှာလည်း။
    နတ်တွေ ဖြုတ်တော့မှာလား
    လောလောဆယ် မလိုသေးပါဘူး။
    Battery အထိုင် ကောင်းမကောင်း နတ်မဖြုတ်ပဲ စစ်လို့ရတယ်လေ။Battery အထိုင် မကောင်းရင်လည်း မလှုပ်ဘူးလေ။
    Battery အထိုင်ကို Supply ကြိုး အနီအနက် ပြောင်းပြန် တို့ကြည့်ပါ။
    (ဟိုးအရင်က ZTE 450 ဖုန်းတွေဆိုရင်တော့ ပြောင်းပြန်ချိတ်ရင် ပါဝါ သေတတ်ပါတယ်။ခုmodel တွေကတော့ battery အထိုင်နားက Zener Diode လေးကြောင့် အပေါင်း အနှုတ်မှားတတ်ရင် Supply မှာ ဖြတ်ချပေးပါတယ်။ဒါ့ကြောင့် အဲ့ ZD လေးပျက်ရင် ပြန်ထည့်ပေးသင့်ပါတယ်။)
    ပြောင်းပြန် တို့ကြည့်လို့ တီ ဆိုဖြတ်ချရင် Battery အထိုင် ကောင်းတဲ့အတွက် နတ်ဖြုတ်ရပါတော့မယ်။
    ပြောင်းပြန်တို့ကြည့်လို့ ဖြတ်မချရင်တော့ Battery အထိုင်က အပေါင်းငုတ် သို့ အနှုတ်ငုတ် တခုခု လွတ်လို့ပေါ့။
    အနှုတ်ငုတ် ဆိုတာ Ground ဖြစ်တဲ့အတွက် memory card slot တို့ sim slot တို့က သံပြားလေးတွေနဲ့ ပြန်တို့ကြည့်ပါ။
    သံပြားတွေနဲ့ တို့ကြည့်လို ဖြတ်ချရင် Battery အထိုင်က အနှုတ်ငုတ် လွတ်နေတာပါ။
    အဲ့ကြ Supply က အနီတံကို Battery အထိုင်က အပေါင်းငုတ်မှာပြန်ချိတ် အနက်တံကို သံပြားနဲ့ တို့ပြီး ပါဝါနှိုးကြည့်ပါ။နိုးလာရင် Battery အထိုင် လဲပေးလိုက်ပေါ့။
    သံပြားနဲ့ ပြောင်းပြန်တို့ကြည့်လို့ ဖြတ်မချရင် အပေါင်းငုတ် လွတ်နေတာပါ။
    အဲ့ဒါဆိုရင်တော့ နတ်ဖြုတ်ပြီး အပေါင်းငုတ် စစ်ပီး ပြန်နှိုးကြည့်ပေါ့။
    Battery အထိုင်ကောင်းရဲ့သားနဲ့ မလှုပ်ရင်တော့ Next Step ပေါ့
    Step 2 (Power Key)
    ဒီအဆင့်ရောက်ပီဆိုရင်တော့ နတ်ဖြုတ်ပီးလောက်ရောပေါ့ဗျာ။
    ပါဝါငုတ်ရှာ
    ဇာဂနာကိုင်
    Ground နဲ့ ပါဝါငုတ် ပူးကြည့်ပါ။(Exynos CPU သုံးထားတဲ့ Samsung တွေမှာတော့ ပါဝါငုတ်နဲ့ Vbat နဲ့ ပူးပေးရပါတယ်။)
    နိုးလာရင် ပါဝါခလုတ် လဲပေးလိုက်ပေါ့။
    မလှုပ်ရင်တော့ Next Step ပေါ့
    Step 3 (Power Key Way)
    ပါဝါငုတ်မှာ ဗို့တိုင်းပါ။
    (ပါဝါငုတ် ဗို့မထွက်ပဲ ပါဝါခလုပ်နှိပ်ရင် ဘယ်လိုလို့ ပါဝါတက်မလဲနော့။Exynosမပါ။ ခ်ခ်)
    Qualcomm ဆို 1.8V
    MTK ဆို 3.8 V ဝန်းကျင် ထွက်ရပါမယ်။
    ပါဝါငုတ်ဗို့ထွက်ရဲ့သားနဲ့ မလှုပ်ရင်တော့ PMU-CPU သာ လဲလိုက်ပါတော့။
    ပါဝါငုတ်မှာ ဗို့မထွက်ရင် Power Key Way ရှော့ကျသလား လမ်ကြောင်းပြတ်သလား Diagram ကြည့် စစ်ပါ။
    Diagram မရှိတဲ့ model တွေမှာတော့ impedance ohms တိုင်း စစ်ပါ။
    မကောင်းရင် ဘယ်လိုတည်ဆောက်ထားသလဲ ရှာပြီး ကောင်းအောင်ပြင်ပါ။
    Power Key Way ကောင်းရဲ့သားနဲ့ ဗို့ မထွက်ရင်တော့ Next step
    Step 4 (အဝါရောင်+အနီရောင်)
    Power Key မှန်သမျှ Main PMU က လာကြတာပါ။
    PMU မကောင်းရင်လည်း Power Key ဗို့ မထွက်နိုင်သလို
    Main Supply Volt ဖြစ်တဲ့ အဝါရောင်လမ်းကြောင်း(Vbat-Vph) မကောင်ရင်လည်း Main PMU ဆီ ဗို့မရောက်တဲ့ အတွက် Power Key ကို ဗို့ ထုတ်မပေးနိုင်ပါဘူး။
    အဲ့တော့ Main PMU ဘေးမှာ 3.8V ရောက်မရောက်စစ်ပါ။
    3.8V မရောက်ရင် အဝါရောင်လမ်းကြောင်း(Vbat-Vph)ဘယ်လိုတည်ဆောက်ထားသလဲ ရှာပြီး ပြင်ပါ။
    (Vbat-Vph အကြောင်း ရေးထားပေးပါတယ်။)
    Main PMU ဘေး 3.8V ရောက်ရဲ့သားနဲ့မှ Power Key ဗို့မထွက်ရင် Main PMU လဲပေါ့။
    ဒါမှ မရရင်
    Step 5 (အစိမ်းရောင်)
    Power Key လည်း ဗို့ရောက်ပီ
    PMU လည်း သေချာပေါက် ကောင်းတာ လဲရဲ့သားနဲ့မှ မလှုပ်ရင်တော့ CPU နဲ့ နိဂုန်းချုပ်ရပါလိမ့်မယ်။
    ကဲ
    ဒါပါပဲဗျာ။
    အခု Solution က ပါဝါခလုပ်နှိပ်ရင် တုပ်တုပ်မှ မလှုပ်တဲ့ 0A ကို Step by Step ဖြေရှင်းနည်းပါ။
    ဒီ error ကို ဖြေရှင်းလိုက်လို့ Ampere ပြန်ဆွဲပီး ပါဝါတန်းတက်ပီး တန်းကောင်းရင်လည်း ကောင်းသွားပါလိမ့်မယ်။
    မကောင်းဘူးဆိုရင်လည်း ထပ်ပြတဲ့ Ampere ကို ကြည့်ပီး ထပ်ပြင်ကြရတာပေါ့ဗျာ။

    Owner/ကိုအောင်သက်ဦး

    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728