• Breaking News
    Qualcomm ဖုန်း​တွေရဲ့ charging စနစ်
    Qualcomm ဖုန်း​တွေရဲ့ charging စနစ်​ ပတ်​လမ်းသ​ဘောတရား​လေး မျှ​ဝေလိုက်​ပါတယ်​။
    Basic post ဆို​တော့ သိပြီးသားသူများ​အတွက်​မဟုတ်​ပါ။မသိ​သေး​သောသူများနှင့်​ လိုအပ်​​နေသူများအတွက်​ပါ။
    *******ပထမဆုံး ပုံမှာပြထားတဲ့ Bat connector ရဲ့ အ​ပေါင်းငုတ်​က​နေ battery တပ်​လိုက်​တာနဲ့ FET ရဲ့ Drain ငုတ်​နဲ့ power ic ဆီသို့ VBAT ဗို့​ပေးသွင်းထားပါတယ်​။ဒါ့​ကြောင့်​ fet ရဲ့ drain ငုတ်​မှာ 3.7V (VBAT VOLT)​တွေ့ရပါမယ်​။Drain ငုတ်​က​နေ SOURCE ဆီကို fet ထဲက diode ရဲ့ forward bias ​ကြောင့်​ 3.7V ​ရောက်​သွားပါတယ်​။ဒါ​ပေမယ့်​ diode ရဲ့ 0.5V ​လောက်​​လျော့ချခြင်း ခံထားရတဲ့အတွက်​ Source ငုတ်​မှာ 3.3V ဝန်းကျင်​သာ​တွေ့ရပါမယ်​။ဒါက ဖုန်းတစ်​လုံးကို battery တပ်​လိုက်​တာနဲ့ fet ရဲ့ drain နဲ့ source ​တွေမှာ ​တွေ့​နေရမယ့်​ဗို့ပါ။Source မှာ​ရောက်​​နေတဲ့ 3.3V ဟာ ပါဝါနိုးနိုင်​တဲ့ ဗို့မဟုတ်​​သေးပါဘူး။ဒါ့​ကြောင့်​ fet ရဲ့ Gate ငုတ်​ကို PMU မှဖွင့်​​ပေးရပါတယ်​။PMU မှ gate ဖွင့်​​ပေးလိုက်​တဲ့အခါ drain မှ 3.7V ဟာ gate ကိုဖြတ်​ပြီး Source မှ VPHPWR 3.7V အဖြစ်​ထွက်​ရှိပြီး သူသွားရမယ့်​​နေရာ​တွေကိုသွားထားပါတယ်​။
    *******​နောက်​တစ်​ချက်​က qualcomm ဖုန်း​တွေမှာ battery မတပ်​ပဲနဲ့ charging ကြိုးထိုးလိုက်​တာနဲ့ ပါဝါပွင့်​လာပါတယ်​။ဒါဆို ပါဝါနိုးဖို့ လိုအပ်​တဲ့ VPHPWR ဗို့ကို charging ပိုင်းဘက်​က​နေလည်းရ​နေလို့ပါ။အဲဒီအ​ကြောင်း​လေ့လာကြည့်​ရင်​ USB ရဲ့ VCHG PIN က​နေ CHARGING IC နဲ့ power ic ဆီကို​ပေးသွင်းထားပါတယ်​။CHARGING IC ဆီကို VCHG 5V ​ရောက်​ရှိလာပြီး CHARGING IC မှ VPHPWR 4.2V ကို fet ရဲ့ Source ငုတ်​သို့ထုတ်​​ပေးထားပါတယ်​။ဒါ​ပေမယ့်​ fet ထဲက diode ရဲ့ reverse bias ​ကြောင့်​ drain သို့သွားလို့မရပါဘူး။ဒါ့​ကြောင့်​ PMU မှ gate ဖွင့်​​ပေးရပါမယ်​။PMU ကလည်း gate ကိုဖွင့်​​ပေးဖို့ ​စော​စောက USB ကပို့​ပေးထားတဲ့ charging detect ​ရောက်​လာတာနဲ့ CPU ဆီကို CHG_VALID နဲ့ သတင်းလှမ်း​ပေးပါတယ်​။CPU က PMU က​နေ သတင်းပို့မှု​ရောက်​တာနဲ့ BAT ID လမ်း​ကြောင်းမှတစ်​ဆင့်​ battery တပ်​ထားခြင်းရှိမရှိ,အားသွင်းဖို့လိုမလို ဆက်​လက်​စစ်​​ဆေးပါတယ်​။အားသွင်းဖို့လို​နေတာနဲ့ CPU မှ PMU ကို ပြန်​လည်​သတင်း​ပေးပို့ပါတယ်​။အဲ့ဒီအခါမှ PMU မှ gate ကိုဖွင့်​​ပေးပြီး Source မှ drain ကိုကူးပြီး battery အားသွင်းပါတယ်​။
    တစ်​စုံတစ်​ခု ရသွားကြတယ်​ဆိုရင်​ ​ကျေနပ်​ပါပြီ။
    Crd/Owner
    1 comment:
    1. ပုံကြည့်လို့မရဘူးအကိုရေ
      ReplyDelete
    Post Top Ad
    ad728
    Post Bottom Ad
    ad728