• Breaking News

    Coolpad ဖုန်းများ Firmware တင်နည်း


    Coolpad ဖုန်းများ Firmware တင်နည်း
    '''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
    Coolpad ဖုန်းတွေဟာ တစ်ခြားဖုန်းတွေ ထက်Firmware တင်တဲ့ နည်းလမ်းပိုများပါတယ်
    ဒါပေမယ့် ကျွန်တော် ခုရေးမယ့် Post လေးကို သေသေချာချာ လေ့လာမယ် ဆိုရင် Coolpad ဖုန်းတော်တော်များကို Firmware ရေးသားနိုင်မယ်လို့ ယုံကြည်ပါတယ်
    Coolpad Phone တွေ ဟာ Model တစ်မျိုးကို တစ်မျိုးစီလုပ်နေရသလိုပါ ဒါပေမယ့် ယေဘူယျ ခွဲခြားကြည့်မယ်ဆိုရင် အောက်ပါ နည်း (၇) နည်းနဲ့ Coolpad များကို Firmware ရေးနိုင်မှာပါ။
    Coolpad တွေကို Firmware ပြန်ရေးနိုင်မယ့် နည်း လမ်းတွေကတော့
    (1) SP Flash Tool
    (2) Research Downloader
    (3) QDL_Phone Flash Tool
    (4) Coolpad Download Assistant
    (5) Emmc Download Tool
    (6) Flash with Fastboot
    (7) Flash with Zip file ဆိုတဲ့နည်းလမ်း တွေနဲ့ ရေးနိုင်ပါတယ်
    ရေးနည်းတွေကများနေတော့ အပိုင်း ၂ ပိုင်းခွဲပြီး တင်ပါမယ်
    Coolpad Firmware ရေးဖို့ လိုအပ်တဲ့ Tools တွေကိုဒီမှာ Down ပါ >>>
    https://androidmtk.com/download-emmc-dl-tool
    အရင်ဆုံးကတော့ Computer မှာ Driver သွင်းထားဖို့လိုပါတယ်။ Coolpad Usb Driver သွင်းတဲ့နေရာမှာ Coolpad USB Driver အပြင် အခြား Qualcomm Driver / SPD Driver / MTK Driver တို့ကိုလည်း သွင်းထားပေးဖို့လိုပါမယ်
    Install မလုပ်ရသေးရင်တော့ Install လုပ်ထားပေးဖို့လိုပါမယ်။
    Driver တွေသွင်းဖို့ All in One Driver ကို install တင်ပြီး သက်ဆိုင်ရာ Mtk /Spd/Qualcom/Adb နဲ့ အခြား Driver တွေကို install တင်ပါမယ်
    လိုအပ်တဲ့ AIO Drive ကို ဒီမှာ Down ပါ
    AIO Driver
    Driver သွင်းတာ ပြီးသွားတဲ့အတွက်
    Firmware တင်တဲ့ အပိုင်းသွားရအောင်
    ===========================(
    (1)
    SP Flash Tools ကိုအသုံးပြုပြီး Coolpad ဖုန်းများအား Firmware တင်နည်း
    ***************************************
    Coolpad မှ မဟုတ်ပါဘူး အခြာဖုန်း များတွင် MTK CPU များ သုံးထားကြပါတယ် MTK သုံးထားသော မည်သည့် ဖုန်းကို မဆို SP Flash tools ဖြင့် အလွယ်တကူ Firmware Restore လုပ်နိုင်တယ်
    SP Flash Tools ဖြင့် Firmware တင်ရန်အတွက် သက်ဆိုင်ရာ Model ရဲ့ SP Flash Tools Firmware ရှိရန်လိုအပ်တယ်
    SP Flash Tools Firmware ဆိုတာ original firmware file များကို Splict ခွဲထုတ်ထားခြင်း ဒါမှမဟုတ် phone ထဲမှတိုက်ရိုက် Firmware Backup ယူထားခြင်းမျိုးမှ ရရှိသော Firmware File များဖြစ်တယ်
    Sp Flashtool နဲ့တင်ရမယ်ဆိုတာ ဘယ်လိုခွဲမလဲ ?????
    ***********************************
    - Firmware Zip ကို ဖြည်လိုက်တဲ့အခါမှာ ထွက်လာတဲ့ Folder ထဲမှာ Preloder / Scatter စတဲ့File တွေပါလာရင်တော့ ကျိန်းသေ Flashtool firmware ပါ
    ဒါဆို Sp Flashtool နဲ့ တင်ပါမယ်
    Sp flashtool ကို Version အစုံ Down ထားရပါမယ်
    Firmware မတင်ခင် Flashtool Firmware ထဲမှာပါတဲ့ File/ Pertation များကို အကျမ်းဖျင်း လေ့လာကြည့်ရအောင်
    - System.img---phone တစ်လုံးရဲ့ System ပိုင်းဆိုင်ရာ တွေ ရှိတဲ့ Pertation ပေါ့
    - Recvery.img---Android Partition တစ်ပိုင်းဖြစ်သော Recovery Mode အတွက်
    - Boot.img --Android Phone များကို Power စဖွင့် လျင် Bootတက်လာတဲ့ အပိုင်း/ -- -Bootloader Lock/ Unlock စစ်တဲ့အပိုင်း
    - Logo.img---Model အလိုက် logo ထည့် ထားသော File
    - Cache.img-- Memory ထဲတွင် မှတ်ထားသော ယာယီမှတ်ဥာဏ် File တွေ / အမှိုက် File တွေပေါ့
    - Userdate.img------Backup လုပ်ထားသော Phone မှ Dataတွေ
    - Preloadre,EBR1,MBR,SECRO--EMMC ic အတွင်းမှာရှိသော Date path လမ်းကြောင်းပေးရန် နေရာများ
    Pertation အပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေက သဘောလောက်ပဲ ရေးထားတာပါ
    အသေးစ်တ် Post တစ်ခု ထပ်ရေးပ့မယ်
    Firmware တင်တဲ့အပိုင်း စကြည့်မယ်
    **********************************
    Firmware File ကို Zip ဖြည်ပြီး Destop ပေါ်မှာ တင်ထားပါ
    SP Flash Tools ကို ဖွင့် ပါမယ်
    Download Only ကိုပဲမှ ရွေးပေးပါမယ်
    SP Flash Tools Folder ထဲက Flash Tool.exe ကို Right Click နှိပ်ပြီး Run as Admister နဲ့ ဖွင့်ပါမယ်
    Flash Tools ဖွင့်ပြိးပါက Scatter Loading ဆိုသည့်နေရာတွင် Click နှိပ်၍ Destop ပေါ်ကတင်ထားတဲ့ Firmware File ထဲက MT65xx Scatter.txt file ကိုရွေးပေးလိုက်ပါ
    Firmware File များ Tool မှာ Run နေပါမယ် ခဏစောင့်ပါ
    ပီးရင် Download Button ကို နှိပ်ပါ။
    Download Button ကိုနှိပ်ပြီးပါကဖုန်းကို Battey ခဏဖြုတ်ပါ Batter ပြန်တပ် Vol Down နှိပ်ကြိုးထိုးပါ
    Flashtool မှာ အနီတစ်တန်း တက်မယ်
    အပြာတစ်တန်း တက်မယ်
    ပြီးရင် အဝါတန်း က % နဲ့ တက်မယ် သူက နည်းနည်းကြာပါမယ်
    အဝါတန်း 100% ပြည့်လို့ Download Ok ဆို အစိမ်းဝိုင်းလေး တက်လာရင် Firmware Restore လုပ်သွားပါမည်။
    ဒီနည်းလမ်းက Coolpad mtk အလုံးများမှ မဟုတ်ပါဘူး မည်သည့် MTK Cpu သုံးထားတဲ့ ဖုန်းများ မဆိုအသုံးပြုလို့ရနိုင်ပါတယ်။
    (2)
    နောက်တစ်နည်းကတော့ Research Downloader Tool နဲ့တင်နည်းပါ
    **********************************************
    Research Downloadကို သုံးပြီးရေးမှာပါ
    Research Downloader ကိုဘယ်လိုအချိန်မျိုးမှာ အသုံးပြုရမလဲဆိုရင် Firmware File ကို Zip ဖြည်လိုက်လို့ Research Downloader ဆိုတာပါလာရင် ဒါမှမဟုတ် Firmware File က *.pac ဆိုတဲ့ Extension နဲ့ဆိုရင် Research Downloader Tool ကို သုံးရပါမယ်
    ဒါအပြင် တစ်ခြားဘယ် Phone အမျိုးအစားမဆို Spectrum CPU သုံးထားမယ် Firmwar File က *.pac နဲ့လာခဲ့မယ်ဆိုရင် Research Downloader ကိုအသုံးပြုရပါမယ် Driver အရင်ဆုံးသွင်းထားပါ
    အပေါ်က ကျွန်တော်ပေးထားတဲ့ Aio Driver ထဲမှာ ပါပါတယ်
    Spectrum CPU ဆိုတော့ SPD Driver သွင်းထားပြီး ရင် ရပါပြီ အရင်ဆုံး Firmware File ကို Zip ဖြည်ပြီး Destop ပေါ်တင်ထားပေးပါ
    ပီးရင် Research Downloader Tools ကိုဖွင့်ပါ Research Downloader>Bin>Research Downloader.exeကိုဖွင့်ပါ Research Downloader ပွင့်လာရင် အပေါ်နားက စက်သွားတစ်ခုထည်းပုံကိုClick နှိပ်ပြီ
    Destop ပေါ်က Firmware File ထဲမှ *.pac File ကိုမှန်အောင်ရွေးပါ
    Firmware Fileရွေးပြီးသွားရင်တော့ စက်သွာ3းခုပေါင်းထားတဲ့ icon ကို Click နှိပ်ပါ အဲ့ဒိမှာ က တစ်ချို့ ဖုန်းတွေ Fail ဖြစ်တဲ့အခါမှာ NV ဖြုတ်ရေးဖို့လိုတယ်ဆိုရင် အဲ့ဒိမှာဖြုတ်လို့ရပါတယ်၊
    အခုမလိုရင်တော့ကျော်လိုက်ပါမယ်။ Firmware File ရွေးပြီးသွားရင် Research Downloader Tool မှာ Play ပုံစံ ခလုတ်လေးရှိပါတယ်၊
    အဲ့ဒိ ခလုတ်လေးကိုနှိပ်ပါ ၊
    ပြီးရင် တော့ Phone ကို power ပိတ်ပါ ပြန်တပ်ရင် Volume Up ကိုနှိပ်ပြီး USB နဲ့ Computer ကိုချိတ်ဆက်ပါ။
    Driver ,Firmware File မှန်တယ်ဆိုရင် Firmware ရေးသွားပါလိမ့်မယ်။ ပြီးရင်တော့Passed လို့ပြပြီး Reboot တစ်ခေါက်ကျပါမည်၊Firmware Restore ပြီးပါပြီး။
    ***********************--***********************
    (3)
    QDL_Phone Tool က်ုသုံးပြး Coolpad Firmware ရေးနည်း
    *************************************************
    QDL_Phone Tool (Upgrade Tool) ကို သုံးပြီး Firmware ရေးနည်း QDL_Phone Tool ကတော့ Internet မှာအလွယ်တကူရှာလို့ရFirmware File တွေမှာလည်း တစ်ခါတည်းပါလာတတ်ပါတယ်။
    တကယ်လို့ Firmware File တွေနဲ့တွဲပါလာခဲ့ရင်တော့ QDL ကိုအသုံးပြုရမယ်ဆိုတာချက်ချင်းသိနိုင်ပါတယ်။
    ဒါပေမယ့် Frirmwae File သီးသန့်ပဲပါလာတယ်ဆိုရင်တော့ Firmware File Extension ကိုကြည့်ပြီးတော့ QDL သုံးရမလား မသုံးရဘူးလားဆိုတာ ခွဲရပါမယ်၊
    Firmware File ကိုဖွင့်လိုက်လို့ ARM 11,
    ARM 9 or Linux,Modem ဆိုပြီး ရေးသားထားတာကိုတွေ့ခဲ့မယ်ဆိုရင်တော့ QDL ကိုအသုံးပြုရမှာပါ။
    QDL ကိုအသုံးပြုရခြင်းမှာ Qualcomm CPU အမျိုးအစားကိုအသုံးပြုထားတဲ့ ဖုန်းအမျိုးတစ်ခုဖြစ်လို့ပါ။
    အဲ့တော့ Qualcomm Driver ကိုလည်း Computer မှာ Install လုပ်ထားပေးဖို့လိုပါတယ်။
    Driver မသိရင်တော့ Firmware ရေးတဲ့နေရာမှာ အဆင်ပြေမှာမဟုတ်ပါဘူး။ အပေါ်မှာ ပြထားတဲ့အတိုင်း Driver တွေအားလုံး သွင်းထားရင် ပိုပြီးအဆင်ပြေပါတယ်။
    Driver သွင်းပြီးသွားရင်တော့ Firmware Restore စလုပ်ပါမယ်။
    Firmware ရေးဖို့အတွက် QDL_Phone Tool ကိုဖွင့်ပါ။
    Phone ကို Power ပိတ်ပါ။
    ဖုန်းကို Fastboot Mode (vol D+Power) ၀င်ပြီး Computer နဲချိတ်ပါ။
    QDL_Tool မှာ Device Connected လို့ပြနေရပါမယ်။
    မပြဘူးဆိုရင် Device Management(devmgmtm.msc)မှာ Driver စစ်ပါ။
    Driver မသိပဲ အ၀ါရောင် sign ပြနေပါက အဲ့ဒိပေါ်မှာ Right Click>Update Driver Software ကိုရွေးပြီး Driver သိအောင်လုပ်ပါ။
    Driver တွေ သိအောင်အရင်ဆုံး install မလုပ်ထားသူများအတွက် ခက်ခဲပါမယ်Computer ကို Driver သွင်းတာကို ထပ်လေ့လာပါ။ Driver သိလို့ QDL_Tool မှာ Device Detect သိပြီဆိုရင် ARM 11 or ARM 9 ဆိုတဲ့ Buttom တစ်ခုခုပေါ်လာမယ် အပေါ်နားက File ရွေးဖို့နေရာမှာ Firmware File ကိုရွေးပါ။
    ARM 11 or ARM 9 ကိုရွေးပါ။ရွေးပြီးရင် Driver လည်း အဆင်ပြေရင် QDL_Phone Tool က လင်းနေတဲ့ ARM11 or ARM 9 ကို Clickနှိပ်ပါ၊
    Firmware Restore လုပ်နေပါလိမ့်မယ်။ ခဏစောင့်ပါ။
    ပြီးရင် Reboot ကျပြီးပြန်တက်လာပါမယ်။ Firmware ရေးပြီးပါပြီ။
    ARM 9 ကိုအရင် ရွေးပြီး Flash လုပ်ပြီးမှာ ARM 11 File ကိုရွေးပြီး Flashing လုပ်ခြင်းက ပုံမှန် ပြုလုပ်ခြင်းဖြစ်ပြီး ARM 11 ကိုရွေး ပြီး Flashing လုပ်ခြင်းကလည်း အတူတူပဲဖြစ်ပါတယ်။
    အဆင်မပြေ ဖြစ်ဖို့က Driver ကြောင့်ပဲဖြစ်နိုင်ပါတယ် Computer အသုံးပြုခြင်း ကျွမ်းကျင်မူနည်းနေသေးရင် တော့ ခက်ခဲနိုင်ပါတယ်။
    Coolpad ဖုန်းများ Firmware ရေးသားခြင်းကို နားလည်စေရန် ရည်ရွယ် ရေးသားသည်

    Crd/Owner

    yymobileservice.blogspot.com

    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728