• Breaking News

    RESET (မီတာတိုင်းနည်း)

    စက်ပြင်ဆရာတွေ ဖုန်းပြင်ဆရာတွေ မှားနေကြသော မဟာအမှားနှင့် မီတာတိုင်းခြင်း၏ သိထားသင့်သည့်အချက် အကြီးကြီး ပြောတာတော့မဟုတ်ဘူး Post ကိုဆုံးအောင် နားလည်အောင် ဖတ်ကြည့်ပါ သင့်ရဲ့စက်ပြင်အတွေးအခေါ်တွေ တစ်ခုခု တိုးတက်သိမြင်မှု ဖြစ်ပေါ်လာရစေမယ်လို့ အာမခံပါတယ် သေချာတာက သင်ဟာ ဘယ်လောက်တော်တဲ့ စက်ပြင်ဆရာပဲ ဖြစ်နေပါစေ ကျွန်တော်တို့နဲ့ အသားကျနေပြီးသား Analog ခေတ်က စက်ဆရာတစ်ယောက်ဖြစ်နေပြီး Digital Electronic နည်းပညာပိုင်းတွေ ဆက်လက်လေ့လာလိုက်စားမှု မပြုထားခဲ့ဘူးဆိုရင် Digital အသိမရှိထားဘူးဆိုရင် ခုပြောမယ့်မဟာအမှားကို ကျိန်းသေပေါက် သင်ပြုမိမှာ သင်ငြင်းလို့မရနိုင်ပါ အဲဒီအသိကို မသိထားပဲ ဘယ်လိုမှ မှန်ကန်တဲ့ အယူအဆကို သင်ယူဆနိုင်မှာမဟုတ်လို့ပဲ ရင့်ကျက်နေကြတဲ့ Electronic ဆားဗစ်ဆရာ တွေတောင် ဒီအမှားက မလွတ်ကင်းနိုင်ရင် ခုလက်ရှိ ပေါ်ပင် ဖုန်းဆားဗစ် လောကက ညီငယ်လေးတွေကတော့ ဆိုဖွယ်ရာမရှိပေါ့ ဖုန်းပြင်တဲ့နေရာမှာရော E ဆားဗစ်သမားတွေရော တိုင်းတာစစ်ဆေးမှု ပြုနေကြရတဲ့အထဲမှာ အခြေခံအားဖြင့်ခွဲလိုက်ရင် အုပ်စု ( ၂ ) စုပဲရှိပါတယ် ဗို့အား အုပ်စုရယ် Signal အုပ်စုရယ်ပေါ့ ဥပမာ Touch မှန် အသစ်လဲတယ် ဆွဲလို့မရဘူး LCD အသစ်လဲတယ် ရုပ်မပေါ်ဘူး Power IC ကောင်းတယ် Firmware ပိုင်းလည်းကောင်းနေတယ် စက်မနိုးလာဘူး ရောက်နေရမယ့် Supply ဗို့အားတွေလည်း အကုန်ရောက်နေ ရှိနေရဲ့သားနဲ့ ဆိုရင်..... ကျွန်တော်တို့ စစ်ဆေးဖို့ကျန်တာ Signal အုပ်စုပဲ မဟုတ်ဘူးလား ခုန်လှိုင်းတွေပေါ့ဗျာ Touch အပိုင်းမှာ ဆိုပါစို့ Int ရယ် SDA SCL I2C BUS ရယ် RST ဆိုတဲ့ Reset ရယ် စတာတွေက Signal အုပ်စုပေါ့ အဲအထဲမှာ ပြောချင်တာက Reset ဆိုတဲ့ အကြောင်းအရာလေးပါ TV ပြင်သမားတွေအတွက်ဆိုလည်း ခုခေတ်အပြင်ရများတဲ့ တစ်ရုပ်ကဒ်ဆားကစ် ပြုပြင်ပုံ အယူအဆတွေ အရင် Post တွေမှာ တင်ခဲ့ဖူးပါတယ် အဲမှာလည်း CPU 8873 8895 တို့မှာ Reset ဗို့မရှိလို့ Reset Circuit Error ဖြစ်ပြီး Reset ဗို့မရောက်လို့ ဖြစ်ခဲ့ကြုံခဲ့ရတဲ့ ပြစ်ချက်လေးတွေ ရှိပါတယ် ရှာဖတ်ကြည့်ပါ ကဲ ပြောချင်တာက Reset အကြောင်းဗျာ နိဒါန်းချီနေရတာနဲ့ လိုရင်းမရောက်တော့ဘူး နည်းနည်းတော့ သည်းခံ ပေးချင်တဲ့ message ပုံပေါ်ဖို့အတွက် ဖြည်းဖြည်းချင်းသွားမှ ရောက်မှာမို့လို့ အလွန်ရိုးရှင်းသော အခြေခံ Component ၂ ခုဖြစ်တဲ့ resistor နဲ့ capacitor ၂ ခုကို တွဲပြီး သုံးထားသော လှပသည့်အသုံး Power On Reset သဘောတရားနှင့် Time Constant Timer Circuit လို့အလွယ်ခေါ်နေကြတဲ့ ကိုယ်လိုချင်တဲ့ အချိန်ပိုင်းတစ်ခုမှာ အချိန်ကိုက် လုပ်ဆောင်စေလိုတဲ့နေရာမျိုး သို့မဟုတ် Delay Time ခေါ် စောင့်ဆိုင်းချိန် တစ်ခုအဖြစ် လုပ်ဆောင်စေနိုင်ဖို့ RC circuit ကို အသုံးပြုကြပါတယ် အမြင်ရိုးရှင်းပြီး လွယ်ကူသော ပတ်လမ်းလေးဖြစ်ပေမယ့် စက်ပြင်သမားတွေကို ပေးချင်တဲ့ အကြောင်းအရာ အသိတရားလေးက ဒီရိုးရှင်းမှုရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေလို့ပါ ( လွယ်တယ်ဆိုပြီး ပေါ့မသွားပါနဲ့ ) DC ဗို့အားဟာ capacitor ကိုဖြတ်သန်းလို့မရဘူး ဆိုတဲ့ AC Pass DC Block လုပ်ဆောင်ချက်ကြောင့် capacitor ကို signal လမ်းကြောင်းတွေ Amplifier လမ်းကြောင်းတွေ isolation အဖြစ် သီးခြားစီခွဲခြားပိုင်းခြားထားလိုတဲ့နေရာတွေမှာ ချိတ်တွဲ coupling capacitor အဖြစ် Signal လမ်းကြောင်းတွေပေါ်မှာ series တန်းဆက်အနေနဲ့ အသုံးပြုကြပါတယ် Signal မှာ DC ဗို့အားရောပါလာခဲ့ရင် Capacitor ကို DC မဖြတ်နိုင်တာကြောင့် Signal ကိုစစ်ယူတဲ့သဘောပါ Signal မှာပါလာတဲ့ DC က ရှေ့မှာချိတ်တွဲထားတဲ့ circuit ရဲ့ biasing ကို မထိခိုက်စေချင်လို့ပါ အဓိကပြောချင်နေတာက DC သည် capacitor ကို ဖြတ်သန်းခွင့်မရှိဘူးဆိုတဲ့ အမှန်တရားကို ဖောက်ပြန်နေတဲ့ သဘောတရာမျိုး ရှိနေပါတယ် ဒီပုံကိုကြည့်ပါ +5V Vcc လမ်းကြောင်းမှာ ချိတ်ဆက်ထားတဲ့ ဒီ capacitor ကို ဖြတ်သန်းပြီး +5V သည် IC သို့မရောက်နိုင်ပါ သို့ပေမည့် Circuit ဖန်တီးထားသူက ရောက်တယ်လို့ဆိုထားပါတယ် တကယ်လည်း သူပြောသလို အလုပ်လုပ်ပါတယ် ဒါဆို DC သည် capacitor ကို ဖြတ်သန်းလို့မရဘူးဆိုတဲ့ သီအိုရီက မှားသွားမှာပေါ့ အဲလိုလည်းမဟုတ်ပါဘူး ဒါကြောင့် လှပတဲ့အသုံးလို့ တင်စားထားတာပါ ဒီနေရာမှာ ပေးချင်တဲ့ message ၄ ခုရှိပါတယ် ၁ မီတာရဲ့ ဗို့အားပြသမှုသဘောတရားနှင့်ယူဆပုံယူဆနည်း ( Voltage difference ခေါ် ဗို့အားခြားနားမှုယူဆချက် ) Capacitor နေရာတွင် ဓာတ်ခဲတစ်လုံးဖြင့် အစားထိုး နားလည်မှုပြုပါ ၂ Time Constant ဖြင့် ထိခလုတ်ပုံစံ Micro Switch သဘော သုံးထားမှု ( phone ပါဝါ ခလုတ်ကို ဖိထားပြီးလွှတ်လိုက်သကဲ့သို့ ) ၃ Power On Reset သဘောတရားနှင့် စက်ဆရာများ၏ ယူဆပုံအမှား ( Active Low or High Input ) Reset သည် အထွက် Output ၏အခြေကို မူလအခြေ ( reset အခြေ ) Low Level ဖြစ်စေတဲ့ ဖြစ်စဉ်ကိုပြောတာပါ ( Flip-Flop တွေကို နားလည်မှ သဘောပေါက်နိုင်ပါမယ် ) ဒီလို Reset ဖြစ်စဉ်ဖြစ်ဖို့အတွက် Reset ငုတ်ကို ဗို့အားတစ်ရပ်ပေးရပါတယ် ဒီနေရာမှာ သဘောတရားတစ်ခုရှိနေပါတယ် Reset ဖြစ်ဖို့အတွက် Reset ငုတ်ကို အပေါင်းဗို့အားလည်း ပေးရပါတယ် အနှုတ်ဗို့အားလည်း ပေးရပါတယ် ဘာဗို့ပဲပေးပေး Reset ဖြစ်တယ် Resetဖြစ်စဉ်ဖြစ်ပေါ်တယ်လို့ သုံးနှုန်းလိုက်ရင် အဲဒါ Digital Circuit သို့မဟုတ် မှတ်ဥာဏ် ဆားကစ်အစပြုနိုင်ဖို့အတွက် သက်ဆိုင်ရာ Flip-Flop တစ်ခုရဲ့ Output အခြေကို Low Level ဖြစ်စေတယ်လို့ ပြောလိုက်တာပါပဲ Reset ငုတ် +V = အထွက် Low Level Reset ငုတ် -V = အထွက် Low Level ဒါဆိုရင် အထွက်ကို Low Level ဖြစ်စေဖို့ Reset ငုတ်ကို ဘာဗို့ပေးပေး ရတယ်လို့ပြောရာကြပါတယ် အဲလိုသဘောလည်း မဟုတ်ပါဘူး များသောအားဖြင့် Flip-Flop Input တွေမှာ အုပ်စုကွဲ ၂ မျိုးပဲရှိပါတယ် Input High မှ အလုပ်လုပ်တဲ့အုပ်စု Active High Input နဲ့ Input Low မှ အလုပ်လုပ်တဲ့ Active Low Input ဆိုပြီးတော့ပေါ့ Active High Input အမျိုးအစားတွေမှာ Reset ဖြစ်စေဖို့ Reset ငုတ်ကို +V ပေးရပါမယ် Reset +V = Output Low Level ဖြစ်ပြီးတော့ Active Low Input အမျိုးအစားတွေမှာတော့ Reset ငုတ်ကို အနှုတ်ဗို့ပေးမှ ရပါတယ် Reset -V = Output Low Level အဓိက အရေးအကြီးဆုံး မှားယွင်းနေတဲ့ သဘောတရားက #Reset ဗို့သည် Reset ဖြစ်စဉ် အမြဲဖြစ်နေစေဖို့ အမြဲတမ်း ဗို့ပေးထားစရာမလိုပါ ဥပမာ Active High Input မှာ အပေါင်းဗို့ပေးမှ အလုပ်လုပ်မယ်ဆိုတော့ Reset ငုတ်ကို အပေါင်းဗို့ပေးရပါတယ် +V ပေးတာနဲ့ Reset ဖြစ်စဉ်ဖြစ်ပေါ်ပြီး Digital Circuit အလုပ် စလုပ်စေဖို့အတွက် Reset ကိုပေးထားတဲ့ +V ကို ဖြတ်တောက်ပစ်ရပါမယ် ( အမြဲ +V ပေးထားရင် တစ်ချိန်လုံး Reset ဖြစ်စဉ်ပဲ အမြဲတမ်းဖြစ်နေတော့မှာဖြစ်ပြီး Digital Circuit အားလုံး Reset အခြေမှာပဲ ရပ်နေမှာပါ အလုပ်လုပ်မှာမဟုတ်ပါဘူး ) ဆိုလိုတာက Reset ဗို့သည် တစ်ချက်ပဲ ပေးရတာပါ အမြဲတမ်းပေးထားစရာမလိုပါဘူး Reset ငုတ်ကို +V တစ်ချက်ပေးပြီး လွှတ်လိုက်ရပါမယ် ဒါပေမယ့် Circuit သဘော တရားအရ လွှတ်ထားတဲ့ငုတ်တစ်ခုကို ဒီအတိုင်းထားလို့မရပါဘူးတဲ့ ဒါကြောင့် အဲငုတ်ကို GND ထားပေးလိုက်ပါတယ် ( Active High Input က GND -V ပေးထားလို့ အလုပ်မလုပ်ဘူးလေ ) ဒါကြောင့်ပြောချင်နေတာက Reset ငုတ်တွေမှာ ပုံသေပေးထားတဲ့ ဗို့တွေဟာ အလုပ်မလုပ်စေတဲ့ ပြောင်းပြန်ဗို့အား တွေဖြစ်ပါတယ် +V ပေးမှ အလုပ်လုပ်မယ့် အ၀င်ကို -V ပေး -V ပေးမှ အလုပ်လုပ်မယ့်အ၀င်ကို +V ပေး ထားခြင်းကိုသာမြင်တွေ့ရမှာဖြစ်ပြီး Reset ငုတ်မှာ ဒီဗို့ရှိရမယ် ဒီဗို့ပေးမှအလုပ်လုပ်တယ်လို့ ယူဆထားမှုကြီးဟာ လွန်စွာမှ မှားယွင်းမှုကြီးပါပဲ ၄ ဗို့အားပြောင်းလဲစေမှုဖြင့် signal ဆိုတာကြီး ဖြစ်ပေါ်လာပုံ ( ဗို့အားပြောင်းလဲမှုသည် signal ကိုဖြစ်စေသည် ) တစ်နည်းအားဖြင့် Signal စတင်ထွက်ပေါ်ရာ Signal Source +5V သည် capacitor ကို မဖြတ်သန်းနိုင်သော်လည်း capacitor ကို မီတာဖြင့် ခွတိုင်းကြည့်ပါ ဗို့အားပြသမှုမရှိပါဘူး မီတာတံမတက်ပါဘူး 0V ပေါ့ ဒါဆို မီတာမှာပြသောဗို့အားသည် လက်တံနှစ်ခုထောက်မိသော ဗို့အားနှစ်ခုခြားနားခြင်း နှုတ်ခြင်း တန်ဖိုးဖြစ်သဖြင့် ( voltage difference ) 0V = 5V - 5V ဖြစ်မှသာ 0V ဆိုတဲ့ မီတာပြတန်ဖိုးဖြစ်ရမှာကြောင့် capacitor ၏ ဟိုဘက်ရော ဒီဘက်ရော 5V ရှိနေတယ်ဆိုတဲ့ သဘောတရားပါ အမြင်တစ်မျိုးနဲ့ကြည့်ရင် +5Vသည် C ကို ကျော်ပြီး IC သို့ရောက်လာသကဲ့သို့ဖြစ်နေပါသည် Capacitor မှာ ဗို့အားရှိလာချိန် ခွတိုင်းကြည့်ရင် ( ဘက်ထရီတစ်လုံး အပေါင်းအနှုတ် ဗို့ရှိ မရှိ ခွတိုင်းသကဲ့သို့ ) ဗို့ပြလာပါတယ် အားပြည့်သွားပြီဆိုပါစို့ Capacitor မှာ 5V ပြနေခြင်းသည် Capacitor ၏ အစွန်းနှစ်ဖက်ဗို့အား နှစ်ခုခြားနားခြင်းတန်ဖိုး 5V = 5V - 0V ဖြစ်မှသာ capacitor မှာ ဗို့ပြလို့ရမှာပါ +5V မှ resistor သည် capacitor ၏ charing သွင်းယူမှုဖြစ်စဉ်တွင် အမ်ပီယာစီးဝင်မှု အတိုင်းအတာကို ကန့်သတ်ထားခြင်းဖြစ်ပြီး ခုခံမှုတန်ဖိုးကြီးလျှင် အားပြည့်ချိန်ကြာစေပြီး Capacitor ၏ လျှပ်သိုတန်ဖိုး uf ပေါ်လည်း မူတည်ပါသေးသည် Capacitor ၏ မူလအခြေသည် အားမရှိသော ဘက်ထရီနှင့်တူသည် အပေါင်းဗို့ အနှုတ်ဗို့ချိတ်ဆက်လိုက်သည်နှင့် အားသွင်းဖို့ကြိုးစားမည် အားပြည့်ဖို့ကြာချိန်ကို Formula ဖြင့်တွက်ယူနိုင်သည် Reset ဆိုတဲ့သဘောတရားလေး ပြောဖို့အတွက် ဒစ်ဂျစ်တယ်ဆစ်ဂနယ်၏ သဘောသဘာတွေ ( CLK ) EEPROM ခေါ် Memory ဆိုတဲ့ မှတ်ဥာဏ် သဘောတရားတွေရဲ့ လုံးဝအခြေခံဖြစ်တဲ့ Flip-Flop Circuit သဘောသဘာဝတွေ Digital Circuit တွေရဲ့ အဓိကအသက်သွေး ကြောဖြစ်တဲ့ Gate တွေရဲ့ သဘောသဘာဝတွေ အားလုံးသိထားပါမှ ရာနှုန်းပြည့် သဘောပေါက် နားလည်နိုင်ပါလိမ့်မယ် CPU သည် Reset pin 0V ဖြစ်တိုင်း program counter သည် memory address ၏ 0×000000 (0 မှစတင်ကာ ) မှပြန်လည်အစပြုကာ restart ညွှန်ကြားခိုင်းစေထားမှုများ ( instructions code များ ) ကို လိုက်နာ လုပ်ဆောင်မှု execution ပြုလုပ်ပေးပါသည် အရေးတကြီး ပြန်လည်အစပြုရန်လိုအပ်လာရင်လည်း Emergency reboot ပြုလုပ်နိုင်ပါသည် CPU လုပ်ဆောင်မှု hang သွားသောအခြေအနေမျိုးတွင်လည်း Reset ပြုလုပ်ပေးရပါသည် ဖုန်းဟမ်းနေရင် sleep လုပ်ပြီး ပြန်ဖွင့်ကြည့်သကဲ့သို့ စက်တစ်လုံး Power စဖွင့်ကာစမှာ Circuit လှည့်ပတ်စီးဆင်းမှုပုံမှန်ရှိမရှိ ကျိန်းသေစေဖို့ ( normal state ဟုတ်မဟုတ် ) Reset pin ရဲ့ ဗို့အားကို OV မှာ အချိန်အကန့်တစ်ခုအထိကြာအောင် hold လုပ်ထားပြီး တည်မြဲနေစေရပါတယ် ဆိုလိုတာက cpu က power supply voltage Vcc ရရှိနေပေမယ့် reset pin ကို ဗို့မပေးသေးဘဲ ခဏစောင့်နေရတဲ့သဘောမျိုးပါ ဒီလိုခဏစောင့်နေရတဲ့ အချိန်အတွင်းမှာ Cpu သို့ရောက်ရှိရမည်ဖြစ်သော voltage များ Clk ခုန်လှိုင်းများ ပုံမှန်ရှိမရှိနှင့် သူလုပ်ဆောင်ရမည့် ညွှန်ကြားချက်များကို Initalization ဖတ်ပါတယ် အောက်စက်ထဲကို အခွေထည့်ပြီး Loading အချိန်ကို ခဏစောင့်ပြီးမှ Play ရန်အသင့်ဖြစ်ပြီ ဆိုတဲ့အချိန်ကြမှ ရှေ့ display panel မှာ Counter တက်လာသလိုမျိုးပါပဲ အဲလို CPU က လုပ်ဆောင်ရန် အသင့်အနေအထားဖြစ်ပြီဆိုတော့မှ Cpu ကို 0V ပေးထားတဲ့အခြေအနေ တစ်နည်းအားဖြင့် ဗို့မပေးသေးပဲ ခဏစောင့်နေတဲ့ အခြေအနေ ( reset state ) မှ လွတ်ကင်းစေရပါမယ် ဗို့ပေးရပါမယ် ဆိုလိုတာက 0V = reset ဖြစ်စဉ်ပါ ဒီလို Cpu ကို စောင့်စားနေရတဲ့အချိန်ကိုပဲ Reset အခြေ သို့မဟုတ် စောင့်ဆိုင်းချိန် Delay Time လို့ခေါ်ပါတယ် Cpu အသင့်ဖြစ်တာနဲ့ Reset အခြေမှလွတ်ကင်းအောင် reset ဗို့ 0V ကို reset pin မှ ဖယ်ထုတ်ပစ်ရပါမယ် 0V မှ လွှတ်လိုက်ပြီး မသုံးဘဲ NC သဘောမျိုး လွှတ်ထားနိုင်ပါတယ် သို့ပေမယ့် 0V မပေးထားပေမယ့် NC အဖြစ်လွှတ်ထားခြင်းသည် reset pin ဗို့မရှိ 0V လို့ယူဆပြီး cpu က reset လုပ်ခိုင်းနေတယ်လို့ မှားယွင်းယူဆနိုင်တာကြောင့် NC ငုတ်အဖြစ် မသုံးဘဲလည်း ထားလို့မရပြန်ပါဘူး ဒါကြောင့် reset pin ကို invalid voltage ခေါ် အလုပ်မလုပ်စေရန် ဆန့်ကျင်ဘက်ဗို့အားတစ်ခု ပေးထားတဲ့သဘော (Diode ကို reverse voltage ပေးထားသကဲ့သို့ ) မျိုးဖြင့် အပေါင်းဗို့အား 5V အဖြစ်ချိတ်ဆက်ပေးသွင်းထားခြင်းဖြစ်ပါသည် အနှုတ်ဗို့အားပေးထားရင် cpu က reset အခြေမှာပဲ ရပ်နေပြီး အလုပ်လုပ်ဆောင်လို့မရပါဘူး ဒါကြောင့် Cpu က Vcc ရနေပေမယ့် Reset pin ကို ဗို့မပေးသေးဘဲ 0V ဖြင့် ခဏစောင့်နေရပြီး Cpu အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ 5V ပေးလိုက်ခြင်းသည် CPU ကို reset အခြေ 0V မှလွတ်ကင်းလိုက်စေတာလို့ ယူဆရမှာဖြစ်ပြီး reset pin ကို 5V ပေးထားလို့ CPU အလုပ်လုပ်နေတာလို့ ယူဆထားမှုဟာ လုံးဝကို မှားယွင်းတဲ့ မဟာအမှားကြီးတစ်ခုပါပဲ တကယ်တော့ ကျွန်တော်တို့တိုင်းလို့ရနေတဲ့ Reset pin ရဲ့ ဗို့အားဟာ Invalid Voltage ကြီးပဲဖြစ်ပါတယ် အလုပ်မလုပ်အောင် ပေးထားတဲ့ဗို့အားကြီးပါ အဲဗို့ပေးထားလို့ Cpu ကို reset state မဖြစ်စေတာပါ အနှုတ်ဗို့ပေးရင် reset ဖြစ်သွားမှာစိုးလို့ အပေါင်းဗို့မပေးချင်ဘဲပေးထားရတာပါ ဒီလို reset pin ကို ဗို့မပေးဘဲ ခဏစောင့်နေရတဲ့အချိန်ကို resistor နဲ့ capacitor RC အတွဲက လုပ်ဆောင်ပေးပါတယ် ဒီ Delay Time အတွင်းမှာ reset pin ကို 0V မှ Cpu က Logic Low အဖြစ်သတ်မှတ်ထားတဲ့ ဗို့အား Level တစ်ခုအတွင်းကနေ ကျော်လွန်ပိုကဲမသွားစေရအောင် RC အတွဲက ထိန်းပေးထားရတာပါ Reset pin 5V ရရင်ပြီးရော အလုပ်လုပ်တယ်လို့ ယူဆထားရင် အခြား Supply တစ်ခုခုမှ 5V တန်းကျွေးခြင်း Reset pin မှ delay capacitor ( သို့ ) Timing capacitor ကို အရေးမကြီးဟု ပေါ့တန်စွာသဘောထားမိခြင်း စတဲ့ စတဲ့ လွန်စွာမှ မှားယွင်းသောလုပ်ရပ်များ ယူဆမှုများ ဖြစ်ပေါ်လာပါတော့မယ် ဒါဟာ အသိတစ်ခု လိုအပ်နေတာကြောင့် လက်တွေ့အမြင်တစ်ခုနဲ့ အမြင်အတွေ့အတိုင်း ယူဆထားမှု သဘောတရားဖြစ်သွားလို့ပါပဲ Cpu reset ဖြစ်စေဖို့ reset pin မှာ Reset voltage အဖြစ် 0V နဲ့ စောင့်စားပေးရသည်ဆိုရာဝယ် အမြဲတမ်းပုံသေတော့ မမှတ်သင့်ပါ တကယ်တော့ CPU တို့ Memory တို့ရဲ့ အတွင်းမှာ အခြေခံအကျဆုံး မှတ်ဥာဏ်ဆားကစ် တွေဖြစ်တဲ့ Flip-Flop Circuit မြောက်မြားစွာ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဲဒီ Flip-Flop ဆားကစ်တွေဟာ အခြေခံအားဖြင့် မျိုးကွဲ ၂ မျိုးပဲရှိတဲ့ အ၀င်တွေကို လက်ခံပါတယ် Active High Input နဲ့ Active Low Input ဆိုပြီးတော့ပါ မြန်မာလို ရှင်းရှင်းပြောရရင်တော့ အ၀င်ငုတ်ကို အပေါင်းဗို့ပေးမှ အလုပ်လုပ်စေတဲ့သဘောနဲ့ အနှုတ်ဗို့ပေးမှ အလုပ်လုပ်စေတဲ့သဘောမျိုးပါ ဒါကြောင့် CPU ကို စောင့်ဆိုင်းချိန် Delay Time အတွင်း Reset State ဖြစ်စေဖို့ 0V မှာထားပြီး ခဏစောင့်ရမှာလား 5V မှာထားပြီး ခဏစောင့်ရမှာလား ဆိုတာသည် CPU အတွင်းဖွဲ့စည်းထည့်သွင်း ထားသော Flip-Flop အမျိုးအစား Program Counter Circuit ပေါ်မူတည်နေပါသည် ပညာရပ်အပေါ် စိတ်ပါဝင်စားသူများ လေ့လာဆဲ သူများ ပညာရနိုင်ပါစေဆိုတဲ့ သဘောနဲ့ လမ်းစဖော်ပေးခြင်းဖြစ်ပြီး လိုရာခရီးသို့ ဆက်လက်လေ့လာနိုင်ကြပါစေ ဒီလိုမျိုး သိမြင်တွေးခေါ်မှုတွေကို သိထားတဲ့သူတွေရှိနေကြပေမယ့် ကျွန်တော်တို့ service လောကသို့ မည်သူမှယူဆောင်မလာကြပါဘူး ဆက်စပ်မပေးကြပါဘူး Electronic မြန်မာလို စာအုပ်စာပေတွေမှာလည်း ဒီ RESET အကြောင်းကို နားလည်သဘော ပေါက်နိုင်လောက်အောင် ရေးသားထားမှုမျိုး ကျွန်တော့် service သက်တမ်းတစ်လျှောက် မတွေ့ခဲ့ မဖတ်ခဲ့ဘူးလို့ အတော်လေး အသိနောက်ကြခဲ့ရပါတယ် ဒီ အခက်အခဲကို စက်ဆရာအပေါင်း အလွယ်တကူ ကျော်လွှားသိမြင်နိုင်စေဖို့ အပင်ပန်းခံပြီး မအားတဲ့ကြားက ပညာဒါနအဖြစ် လှူဒါန်းလိုက်ရပါတယ်


    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728