• Breaking News

    MTK FIRMWARE တင်နည်း ( No Error)












    အခုပြောမှာလေးကတော့ ကျွန်တော်တို့ MTK ဖုန်းတလုံး Firmware တင်တဲ့ အခါ Error မတက်အောင် ဘယ်လိုတင်ရမလဲ ဆိုတဲ့အကြောင်းပါ
    ဒီထဲမှာ Firmware တင်လို့ LCD Error တက်တာတွေ / Vibrate တောက်လျှောက်တုန်တာတွေ / ပါဝါဖွင့်လိုက်ရင် ဘာမှမလာတော့ဘဲ
    Device Mananger က Port မှာ MTK Mode တက်နေတာတွေ DeadBoot ဖြစ်တာတွေအကုန်ပါပါတယ်

    အကောင်းဆုံးကတော့ မိမိ ဖန်းဝဲတင်မဲ့ဖုန်းကို မတင်ခင်မှာ Backup ယူထားတာ အကောင်းဆုံးပါ
    ဖုန်းက LOGO ပဲရပ်နေလို့/Bootanimation မှာ ဆက်မတက်တော့ လို့ Backup မယူတဲ့လူတွေရှိပါတယ်
    မဆိုင်ပါဘူး Firmware မတက်ဘဲ ရပ်နေတာဟာ System partition မှာ တခုခု ချို့ယွင်းနေတာကြောင့်မတက်ဘဲ
    ရပ်နေတာပါ Backup ယူတဲ့အခါမှာ ဖုန်းရဲ့ Partition အကုန်လုံးကို ယူမှာဖြစ်တဲ့အတွက် ကိုယ်ဆီမှာရှိတဲ့ Firmware ကို
    တင်လိုက်လို့ Error တက်ခဲ့ရင် ဒီBackup ယူထားတဲ့ Partiton တွေကိုပြန်အသုံးချလို့ရပါတယ်
    ဟုတ်ပြီ Backup ယူတဲ့ အခါမှာ နည်းတွေအများကြီးရှိပါတယ်
    SpFlashtool နဲ့ ROM_0 ယူပြီး MTK Droidtool နဲ့ပြန်Extractလုပ်နည်း
    MTK Droidtool နဲ့ယူနည်း
    Spflashtool နဲ့ Partiton / block တခုခြင်းBackup ယူနည်း
    Miracle Box Crack နဲ့ယူနည်း စသဖြင့်အများကြီးရှိပါတယ် CM2 Dongle ရှိတဲ့သူများကတော့CM2 နဲ့ယူကြပေါ့
    ဘာBox/Dongle မှ မရှိဘူးဆိုရင်တော့ အပေါ်က ၄ နည်းနဲ့ယူနိုင်ပါတယ်
    အများစု အလွယ်ဆုံးနဲ့ အမြန်ဆုံး ကတော့ Miracle Crack နဲ့ပဲ Save as sactter ကိုအမှန်ခြစ်ပြီးယူကြပါတယ်

    ကျနော်တို့ ပထမဆုံး MTK ဖုန်းတလုံးရဲ့ Firmware ကိုကြည့်မယ်ဆိုရင်
    boot.img
    recovery.img
    EBR.bin
    MBR.bin
    nvram.bin
    logo.bin
    uboot.bin
    preloader.bin
    secro.img
    system.img
    userdata.img
    MT582_Android_scatter.txt
    cache.img
    စတာတွေကိုတွေ့ရမှာပါ

    တဖိုင်ချင်းကို ရှင်းရရင်
    အရင်ဆုံး Dead / Error တက်နိင်တဲ့ Partition တွေကို ပြောပြပါမယ်

    EBR.bin
    MBR.bin
    ဆိုတဲ့ Partition က Memory ပိုင်းပါ တနည်းအားဖြင့် Rom လို့ခေါ်သလို
    သူအလုပ်လုပ်တဲ့ အပိုင်း User ရဲ့ Application တွေကို Install တင်တဲ့ အပိုင်းကိုထိန်းပါတယ်
    သူ့ကိုလဲ လိုအပ်သလို တိုးလို့ချုံ့လို့ရနိုင်ပါတယ်
    အန္တရယ်ဖြစ်စေနိုင်တဲ့ Partiton မဟုတ်ပါဘူး

    recovery.img
    ကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ
    ဖုန်းတလုံးရဲ့ Factory ချနိုင်ဖို့
    Sideload ၀င်ပြီး Firmware တင်လို့ရနိုင်ဖို့
    Update.zip နဲ့လာတဲ့ Firmware တွေကို
    Install လုပ်နိင်ဖို့
    CWM တွေလုပ်နိုင်ဖို့
    Cache Partiton ကိုရှင်းလင်းနိုင်ဖို့စတာတွေကိုလုပ်နိုင်ပါတယ်

    nvram.bin
    သူမကိုက်ရင် တော့ imei null ဖြစ်တာတွေ Invalid ဖြစ်တာတွေနဲ့
    လိုင်းမတက်တာတွေ
ှSIM Invalid စတာတွေကိုဖြစ်တက်ပါတယ်
    သူ့ကိုလဲ Backup ယူထားသင့်ပါတယ်

    Uboot.bin
    အရှည်ကတော့ Universal Bootloader ပေါ့
    သူကတော့ Kenel အသေးစားလေးပါ
    သူ့ကို lk.bin လဲလို့ ခေါ်ပါတယ် little kenel ပေါ့
    Uboot မှားပြီး Firmware ရေးတဲ့အခါမှာ
    ဖုန်းရဲ့ LCD ဟာ အဖြူရောင်အစင်းအစင်းတွေထပြီး LCD ပျက်သလိုဖြစ်ပါတယ်
    ဒီတော့ ကျနော်တို့ဟာ Firmware တင်တဲ့အခါမှာ Uboot ဆိုတော့ Partiton ကို အမှန်ခြစ်ဖြုတ်ပြီး
    တင်တာအကောင်းဆုံးပါ တကယ်လို့ uboot ကို မေ့ပြီးထည့်တင်ခဲ့လို့ LCD Error တက်ခဲ့ရင်တောင်
    မတင်ခင်မှာ Miracle နဲ့Backup ယူထားခဲ့တဲ့ uboot ကို ပြန် Flash ပေးလိုက်ပါ

    Secro.img
    သူကတော့ သူကတော့ နောက်ထွက်တဲ့ MTK အမြင့်တွေမှာBootloader Code တွေကိုထိန်းချုပ်ပါတယ်
    သူမကိုက်ရင် Baseband Unknown ဖြစ်တက်ပါတယ်

    boot.img
    သူ့ထဲမှာ secure ဖြစ်နေတဲ့ Ramdisk ထဲကအပိုင်းတွေကို Rootဖောက်ချင်တဲ့အခါမှာ Bootကိုဖြည်ချပြီး Insecure လုပ်နိုင်သလို
    Firmware မတက်ခင်မှာ Partition တွေကို Mount လုပ်ပြီး ဆွဲတင်ပါတယ်
    bootမကိုက်ရင် Logo တက်လိုက်ကျလိုက်ဖြစ်မယ် Logo ရပ်နေမယ်
    ပြီးတော့ သူ့ထဲမှာ Kenel သက်သက်တခုထပ်ပါတဲ့ အတွက် တချို့ဖုန်းတွေBoot မှားတဲ့အခါ
    ဖုန်းက သုံးနေတုန်းကအကောင်း Screen off လိုက်တာတို့ Screen Timeout ပြည့်လို့ပိတ်သွားတာတို့
    ပြန်ဖွင့်ကြည့်ရင် LCD ကြီးဖြုနေတာကို တွေ့ရတက်ပါတယ်

    Cache.img
    Cache ကတော့ ဘာပြသနာမှမရှိတဲ့Partiton အလွတ်ကြီးပါ
    သူက သီးသန့် data ထဲမှာ ရှိတဲ့ application တွေရဲ့ Memory cache size တွေကို ထိန်းတဲ့အပိုင်းပါ

    logo.bin
    သူကတော့ ဖုန်းပါဝါစဖွင့်ဖွင့်ခြင်းပေါ်တဲ့ LOGO ပုံအပိုင်းပါ
    သူကိုလဲပေါ်တဲ့ပုံနေရာမှာ ကြိုက်သလိုပြင်လို့ရပါတယ်

    MT6582_Android_scatter
    သူကတော့ Partiton တွေကို နေရာချမယ် သူ့အကန့်နဲ့သူနေခိုင်းတယ် သူ့ထဲမှာ ပါတဲ့ အပိုင်းကိုပဲသူတင်ပေးမယ်
    သဘောကတော့  flash tool  firmware ကိုကြည့်လိုက်မယ်  MT6582_Android_scatterဆိုတဲ့
    ဖိုင်ကို note နဲ့ဖွင့်ကြည့်တဲ့အခါမှာ
    partition_index: SYS9
      partition_name: UBOOT
      file_name: uboot.bin
      is_download: true
      type: NORMAL_ROM
      linear_start_addr: 0x3B20000
      physical_start_addr: 0x3B20000
      partition_size: 0x60000
      region: EMMC_USER
      storage: HW_STORAGE_EMMC
      boundary_check: true
      is_reserved: false
      operation_type: UPDATE
      reserve: 0x00

    - partition_index: SYS10
      partition_name: BOOTIMG
      file_name: boot.img
      is_download: true
      type: NORMAL_ROM
      linear_start_addr: 0x3B80000
      physical_start_addr: 0x3B80000
      partition_size: 0x1000000
      region: EMMC_USER
      storage: HW_STORAGE_EMMC
      boundary_check: true
      is_reserved: false
      operation_type: UPDATE
      reserve: 0x00

    အဲ့အပေါ်ကလိုတွေ့ပြီဆိုပါစို့
    ဒါဆို Flashtool မှာ Scatter ကိုရွေးလိုက်ရင် Boot.img နဲ့ Uboot ကို သူကထည့်တင်ပေးပါတယ်
    ဒီထက်မကဖိုင်တွေတော့ အများကြီးပါတာပေါ့ system တို့ Secro တို့ပေါ့
    Qualcomm firmware တွေမှာဆိုရင် .xml ဖိုင်တွေရဲ့အလုပ်လုပ်ပုံနဲ့ဆင်တူပါတယ်

    system.img
    သူကတော့ OS တခုလုံးပါဝင်ပါတယ်
    တချို့ CPU name တူတာတို့ UTC date တူတာတို့ဆို system Partiton ကို ပြောင်းသုံးနိုင်တာ
    တွေ့ရပါတယ် ဥပမာ xbo ကို newings တင်တာတို့ဘာတို့ပေါ့
    သူ့ထဲမှာရှိတဲ့ ဖိုင်တွေတခုခုချို့ယွင်းနေမယ် ဆို firmware မတက်နိုင်ပါဘူး
    ဥပမာ Virus ကိုက်တာတို့ Font မှားသွင်းတာတို့ပေါ့

    userdata.img
    သူ့အပိုင်းကတော့ သိပ်ထွေထွေထူးထူးမဟုတ်ပါဘူး
    သူက userရဲ့ file တွေကို ထိန်းချုပ်ထားတာပေါ့
    SMS/Contact/apk စတာတွေပေါ့
    သူ့ကို ထည့်တင်ရင် ဖုန်းက ၀ယ်လာခါစလို Factory ချလိုက်သလိုဖြစ်မယ်ပေါ့
    သူ့ကိုထည့်မတင်ရင်တော့ User ရဲ့ Personal data တွေ မဆုံးရှံးဘူးပေါ့

    Preloader.bin
    အရေးအကြီးဆုံးအပိုင်းပါပဲ
    သူထဲမှာ EMMC ရဲ့ CID နံပတ်တွေပါပါတယ်
    Firmware တင်ဖို့အတွက် Preloader Port သိမှ Flashtool ကဆက်ရေးပါတယ်
    Preloader Mode ကိုစချိတ်ချိတ်ခြင်းအနေအထားကနေ Meta Mode တို့ AT Mode တို့လဲချိန်းပေးပါတယ်
    Spflashtool ကနေ ဖန်းဝဲတင်တဲ့အခါ 4032 error ပြတဲ့အခါ
    emmc ပျက်နေရင်လဲပြသလို Firmware ကလက်မခံတဲ့ EMMCရဲ့ CID မတူရင်လဲပြပါတယ်
    ဒါကို Miracle နဲ့တင်လိုက်တဲ့အခါမှာ cid လွဲနေတာကြီးကို တင်လိုက်မိတော့ ဖုန်းက ဘာမှကို မလာတော့ပါဘူး
    port တော့သိနေပါသေးတယ်
    ဥပမာ Firmware မှာပါတဲ့ Preloader ကို Preloader eMMC Parser ​အောက်​မှာ​ဒေါင်း​လော့လင့်​ပါပါတယ်
    ဆော့ဝဲနဲ့ကြည့်လို့ Skhynix တို့ Sandisk တို့ပြတယ်
    ဒါကို Samsung B309 ကပ်ပြီးရေးတဲ့အခါမှာ မအောင်နိုင်ပါဘူး 4032 error ပြပါမယ်
    ဒါဆိုရင်တော့ UFI / EasyJtag တို့လို Box တွေနဲ့ CID ပြန်ချိန်းရေးမှ အဆင်ပြေပါမယ်
    ပြီးတော့ EMMC ကိုပြန်ကပ်ထားတဲ့ ငုတ်လေးတွေမမိရင်လဲ 4032 ပြပါတယ် Flashtool နဲ့စရေးမယ်
    အနီတန်းပြေးသွားမယ် ချက်ချင်းပဲ4032 ပြရင် CID မကိုက်တာပါ
    အနီတန်းပြေးပြီး ချက်ချင်းမပြဘဲတော်တော်ကျမှ Error 4032 ပြရင် Emmc ပျက်ရင်ပြသလို ငုတ်လေးတွေလွတ်ရင်လဲပြပါတယ်
    cpu နဲ့ emmc လမ်းကြောင်း များပြတ်တောက်နေရင်လဲပြတက်ပြတယ်
    နောက်တခု 4032 ပြောရင်း နဲ့ 5059 error ကိုပြောပါအုံးမယ်
    Tool တွေဘယ်လိုပြောင်းပြောင်း 5069 error ပဲပြရင် emmc ပါပဲ

    ဒီတော့ ကျနော်တို့ Firmware တင်တဲ့ အခါမှာ အရင်ဆုံး Backup ယူထားဖို့ မမေ့ပါနဲ့
    Firmware ကို အရင်ဆုံး os တက်တဲ့အပိုင်းတွေဖြစ်တဲ့
    boot.img
    recovery.img
    system.img
    ဒီသုံးခုကိုပဲ Spflashtool မှာ အမှန်ခြစ်ထားပြီး ကျန်တာတွေကိုအမှန်ခြစ်ဖြုတ်တင်သင့်ပါတယ်

    အဆင်ပြေခဲ့ရင် Firmware ဟာ ဒီသုံးခုထဲနဲ့ အဆင်ပြေသွားတာတွေရှိပါတယ်
    အဲ့လိုမဟုတ်ဘဲနဲ့ Perloader မပါလို့ အနီတန်းမပြေးဘဲ Error တွေတက်မယ်
    တခြားerror တွေပြမယ် ဆိုရင်တော့ တခြားဖိုင်တွေပါထည့်တင်ဖို့လိုလာပါပြီ
    ဒီတော့ PC ရဲ့ နေရာလွတ်မှာ New Folder အသစ်ဆောက်လိုက်ပါ
    အဲ့ထဲမှာ ကိုယ်Download ဆွဲထားတဲ့ Firmware ထဲက
    boot.img/recovery.img/system.img ကိုထည့်လိုက်ပါ
    ပြီးရင် ခုနကFirmware မတင်ခင်မှာ Backup ယူထားတဲ့ Folder ထဲက
    EBR.bin
    MBR.bin
    nvram.bin
    logo.bin
    uboot.bin
    preloader.bin
    secro.img
    MT582_Android_scatter.txt
    cache.img
    အဲ့ဖိုင်တွေကို NewFolder ထဲကိုထည့်ပြီး တင်လိုက်ပါ
    အဆင်ပြေစွာFirmware တင်သွားတာကို တွေ့ရပါမယ်

    ကဲ MTK သုံးဖုန်းတလုံးကို ERROR ကင်းစွာနဲ့ Firmware တင်ဖို့ကိုတော့ ကျနော်က ဒီနည်းပဲသုံးပါတယ်
    အခုထိလည်းအဆင်ပြေနေတုန်းပါပဲ
    ဟုတ်ပြီ အဲ့လိုတင်လို့မှ အဆင်မပြေဘူးလား Error တွေတက်နေတုန်းပဲဆိုရင်
    နောက်တနည်းထပ်ပြီးပြောပါအုံးမယ် ခင်ဗျာ
    အခုတော့ဒီနည်းလေးကို သေချာလေး စမ်းကြည့်ကြပါအုံးလို့

    Crd/ရဲသူရလင်း



     Preloader Emmc Parser Download Link

    yymobileservices.blogspot.com

    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728