• Breaking News

    Huawei Qualcomm Board firmware Analysis

    Huawei   Qualcomm    Board   firmware    Analysis
    ========================================

           Qualcomm SOC သုံးထားတဲ့ Huawei ဖုန်းတွေကို ခုနောက်ပိုင်း ဖန်းဝဲတင်ရင် ဘာလာလာ Board firmware ဆိုတာချည့်ပဲ Build Number မြင့်တာနိမ့်တာကို ဂရုစိုက် မဒေါင်းတော့တာ  တွေ့နေရလို့ . အထဲမှာ ဘာတွေပါ လဲ ကြည့်ကြည့်မိတာလေးပါ ။

            Huawei  Board Firmware တင်တော့မယ်ဆို လိုအပ်တာတွေက -

    1. Board Firmware
    2. Huawei Qualcomm Bootloader Fastboot Multidownload Tool
        (or) Tool studio (or) Other Qualcomm Tools
    3. Qualcomm Download Mode (Qualcomm HSUSB Qdloader 9008 )

            Firmware တင်နည်းက လူတိုင်းသိပြီးသာ ဖြစ်မှာပါ ။ Flash Tool ဖွင့်မယ် ။ Firmware ရွေးမယ် ။ Download Mode နဲ့ ချိတ်ပြီး တင်မယ် ။ ဖုန်းတိုင်းအဲ့တာပဲ ။
             Qdloader Mode ဝင်နည်းကလဲ လွယ်ပါတယ် ။ အခုဆို Xiaomi Qualcomm Jigg တွေတောင် ဝယ်လို့ရနေပြီ ။ အဲ့တာလေးထိုးပြီး ဝင်လိုက်ရင် ရပါလိမ့်မယ် ။ ရချင်တဲ့အလုံးတွေပေါ့ :D ။
             အခုအဓိက ပြောချင်တာက Board firmware ထဲမှာပါတဲ့ ဖိုင်တွေအကြောင်း ပါ ။

             Huawei Qualcomm Board Firmware တစ်ခုမှာ အပိုင်း (၃) ပိုင်းပါပါတယ် ။
    1. xml ဖိုင်
    2. Bootloaderimage ဖိုဒါ
    3. Fastbootimage ဖိုဒါ

    1. xml ဖိုင်
    --------------

        Board Firmware တင်မယ်ဆိုရင် Flash Tool ကနေ xml ဖိုင်လေးကို ရွေးပေးလိုက်ရုံပါပဲ ပြီးရင် Download ခလုပ်ကို နှိပ်ပေါ့ ။ Flash Tool ကနေ xml ဖိုင်ကို လှမ်းဖတ်မယ် ပြီး ရင် ဘယ် ဖိုင်က ဘယ် address ကိုသွား ၊ ဘယ်ဖိုင်က ဘယ်နေရာကိုသွား ၊ ဘယ်ကွန်မန်းကိုသုံး ဆိုပြီး ရေးထားတာပါ ။ xml ဖိုင်ကို note pad နဲ့ ဖွင့်ကြည့်ပြီး ဖတ်ကြည့်လို့ရပါတယ် ။ ပြင်ချင်ရင် ပြင်လို့ရပါတယ် ။

    2. Bootloaderimage ဖိုဒါ
    ---------------------------------

         သူ့ထဲမှာက ဖိုင် (၂) ဖိုင်ပါပါတယ် ။ ပုံမှာ တစ်ချက်ကြည့်ကြည့်ပါ ။

          a. MPRG8x10.mbn
          b. 8x10_msimage,mbn

    Huawei Board FIrmware တင်ရင် အဆင့် (၂) ဆင့် နဲ့သွားပါတယ် ။ အဆင့် ၁ က downloading bootloader ဆိုတဲ့ အဆင့်ပါ ။ flashtool မှာ  40% အထိ ဒီအဆင့်ပါ ။ ဒီအဆင့်မှာ အပေါ်က ဖိုင် (၂) ဖိုင်ကို ဖုန်းရဲ့ memory ထဲကိုသွားထည့်ပါတယ် ။ အသေးစိတ် ပြောရရင် -

    a.MPRG8x10.mbn ဆိုတဲ့ ဖိုင်ကို EMMC Flash Programmer လို့ခေါ်ပါတယ်။ အလားတူ ဖိုင်တွေရှိပါသေးတယ် ။
    NPRG            = Nand Flash Programmer
    APRG            = NOR  Flash Programmer
    ARMPRG       =  (ဒါတော့ ဘယ်နေရာသုံးလဲ မသိပါဘူး )

    9008 Mode မှာထားပြီး Download ကို နှိပ်လိုက်တာနဲ့ MPRG ဖိုင်ကို memory address ရဲ့ 0x2a000000 မှာ သွားပို့တယ် ။ သူက emmc ကို ပြန်ပြီး programming လုပ်ဖို့ ပြင်ဆင်ပေးတယ် ။ ပြီးရင် MPRG ဖိုင်ကို Execute (Run) ပြီး msimage ဖိုင်ကို emmc ပေါ်မှာ စရေးပါတယ် ။

    b. msimage ဆိုတဲ့ ဖိုင်က bootloader ဖိုင်ပါ . bootloader ဆိုတဲ့အတိုင်းပဲ ဒီဖိုင်ပေါ်မူတည်ပြီး ဖုန်းက ဘယ် Mode ကို ဝင်မှာလဲ ။ ဒီဖိုင်ပေါ်မူတည်တယ် ။ Huawei Board Firmware , တစ်ချို့  Xiaomi Qualcomm Firmware တွေမှာသုံးတဲ့ msimage က fastboot mode ကို ဝင်ပေးမယ့်ဖိုင်တွေ ။ အဲ့တာကြောင့် ဒီ ဖိုင်ကို ထည့်ပြီးတာနဲ့ ဖုန်းက fastboot mode ကို ရောက်သွားလိမ့်မယ် ။ တစ်ချို့ coolpad တွေမှာ သုံးတာက 9006 mode ကို ပြောင်းတဲ့ဖိုင်တွေ ။ နဲနဲ သဘောပေါက်မလား မသိ :D ။

    a.MPRG  ရယ်  b.msimage ရယ် မရှိရင် သေနေတဲ့ Qualcomm ဖုန်းတစ်လုံး qdloader ကနေ ပြန် နှိုးလို့မရဘူး ။ qdloader ကနေ ပြန် နှို့းချင်ရင်လဲ အဲ့ ၂ ဖိုင်ရှိရင် ရနိုင်တယ် လို့ ပြောလဲပြောချင်တယ် ။ ပြောလဲ မပြောရဲဘူး :D ။

    အစက ပြန်ကောက်ရရင်  9008 ဝင်မယ် ။ Download ခလုပ်ကို နှိပ်လိုက်မယ်ဆိုရင် MPRG ဖိုင်က emmc ကို programming ပြန်လုပ်ခိုင်းမယ် ။ msimage က bootloader mode ကိုဝင်မယ် ။ ဒီအဆင့်ထိရောက်ပြီ ။

    3. fastbootimage ဖိုဒါ
    -----------------------------
          သူ့ထဲမှာက ဘာပါလဲဆိုတော့ partition image ဖိုင်တွေပါ ။ အပေါ်က အဆင့် တွေ အလုပ်ကောင်းကောင်းလုပ်လို့ bootloader (fastboot) mode ကို ရောက်သွားပြီဆိုရင် emmc ကို အရင်ဆုံးရှင်းပလိုက်တယ် ။

    fastboot oem erase_emmc

    ပြီးရင် partition ဖိုင်ထည့်တယ် ။

    fastboot flash partition gpt_both0.bin

    ပြီးမှ ကျန်တဲ့ partition image ဖိုင်တွေကို fastboot ကနေ တစ်ဖိုင်ချင်း ထုံးစံအတိုင်း flash တယ် ။

    အကုန်ပြီးသွားရင် factory mode ရောက်တယ်  ။ update.app firmware ပြန်တင်ပေးရတယ် ။ ပြီးရင်တော့ imei မပါ noti bar မပါပဲ တက်လာတယ်ပေါ့ :D ။ ထားပါ အဲ့တာက နောက်ပြသနာ ။ စမ်းကြည့်ပေါ့ update.app ပြန်တင်ရမှာပျင်းရင် fastboot folder ထဲမှာ update.app ထဲက image တွေသွားထည့်တာမျိုး ဘာညာ ^_^ ။ စဉ်းစားစရာတွေလဲရှိသေးတယ် ။ အရင်က flash လို့မရတဲ့ partition တွေ အခုကျ flash လို့ရနေရော :D ။ ဆက်ရေးရင် စာက အရှည်ကြီးဖြစ်တော့မှာမို့ ဒီလောက်ပဲဗျ ။


    No comments

    Post Top Ad

    ad728

    Post Bottom Ad

    ad728